2024

နှစ်ပေါင်း ၅၂ နှစ်ကြာ စိုးစံခဲ့တဲ့ ဒိန်းမတ်ဘုရင်မ မာဂရက် ထီးနန်းစွန့်မယ်

ကိုပင်ဟေဂင်၊ဇန်နဝါရီ ၂ ဒိန်းမတ်နိုင်ငံ ဘုရင်မ မာဂရတ် -၂ ဟာ သူမရဲ့ ထီးနန်းသက် ၅၂ နှစ်ပြည့်ဖြစ်တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထီးနန်းစွန့်တော့မယ်လို့ နှစ်သစ်ကူး ရုပ်သံမိန့်ခွန်းမှာ တရားဝင်ကြေညာခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ဖခင်ဘုရင်ကြီး ဖရက်ဒရစ် – ၉ နတ်ရွာစံပြီးနောက် ဘုရင်မကြီး မာဂရက် -၂ က ထီးနန်းဆက်ခံခဲ့တာပါ။…

တောင်ကိုရီးယားနဲ့ အမေရိကန်ကို လက်ဦးမှုယူ ချေမှုန်းဖို့ ကင်ဂျုံအန် ညွှန်ကြား

ပြုံယမ်း၊ဇန်နဝါရီ ၂ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံဖို့ လုပ်ဆောင်လာပါက အပြင်းထန်ဆုံး အင်အားနဲ့ တုံ့ပြန်တိုက်ခိုက်ဖို့ စစ်တပ်ထိပ်တန်းအရာရှိတွေကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ညွှန်ကြားထားတယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားရဲ့ စံချိန်တင်လက်နက်စမ်းသပ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကာကွယ်ရေးအစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေလို့ ခေါင်းဆောင်ကင် ပြောပါတယ်။ နှစ်သစ်ကူးအကြိုနေ့က မြောက်ကိုရီးယားထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့…

မွန်ပြည်သစ်ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်လမ်းညွန်ချက် အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ် ညီလာခံကို ဗဟိုဌာနချုပ်မှာ ဆက်လက်ကျင်းပနေပြီး ဒီကနေ့မှာတော့ ဗဟိုကော်မတီရဲ့ အစီရင်ခံစာနဲ့ ရှေ့လုပ်ငန်းစဉ်လမ်းညွန်ချက်တွေကို အတည်ပြုပြီးစီးသွားပြီလို့ မွန်ပြည်သစ်သတင်းစဉ်ကနေ ဇန်နဝါရီ ၁ ရက်နေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဗဟိုကော်မတီကနေ သုံးသပ်တင်ပြထားတဲ့ နိုင်ငံရေးအခြေအနေ၊ အမျိုးသားရေး၊ ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့…

၂၀၂၃ ခုနှစ်အတွင်း စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ စီမံခန့်ခွဲမှုအလွဲများ

သံလွင်တိုင်းမ် ၂၀၂၃ ခုနှစ်ကို ပြန်ပြောင်းလှည့်ကြည့်မယ်ဆို မြန်မာ့ နိုင်ငံရေးဖြစ်စဉ်သမိုင်းတွေမှာ တစ်ခေတ်တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေနဲ့ စစ်ခေါင်းဆောင်ဟာ နှုတ်ခမ်းမွှေးမနိုင်ဘဲ ပဲကြီးဟင်း သောက်တာကြောင့် သူကိုယ်တိုင်အပါအဝင် ပြည်သူအများ ဒုက္ခအဖုံဖုံ ပိုကြုံရတဲ့နှစ်လည်း ဖြစ်ပါတယ်။ လက်နက်သာကိုင်တတ်ပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ စစ်ခေါင်းဆောင်ကြောင့် အထွေထွေအကျပ်အတည်းနဲ့ကြုံရပြီး ဒေါ်လာဈေး ရွှေဈေး၊ ကုန်ဈေးနှုန်း မိုးပေါ်ထောင်တက် သွားတာဟာလည်း စီမံခန့်ခွဲမှု ညံ့ဖျင်းချက်ကို…

မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA ကတိုက်ခိုက်သိမ်းပိုက်

မိုင်းငေါ့၊ ဇန်နဝါရီ ၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို အလုံးစုံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/ TNLA က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ မိုင်းငေါ့မြိုရှိ စစ်ကောင်စီတပ်စခန်းတွေကို TNLA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ ည…

မွန်ပြည်နယ် ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ရင်း တိုက်ခိုက်ခံရ

ရေး၊ ဇန်နဝါရီ ၁ နှစ်သစ်အကြိုစစ်ဆင်ရေးအဖြစ် မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီ တပ်ရင်း ၂ ရင်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုပူးပေါင်းအဖွဲ့တွေ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၉၁) နဲ့ အမှတ်(၅၈၃) ခြေမြန်တပ်ရင်းတို့ကို မနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ…

ပြည်သူမထောက်ခံတဲ့ စစ်ကောင်စီခန့် မွန်ပြည်နယ်ရဲ့ ပွဲတက်ဝန်ကြီးချုပ် အောင်ကြည်သိန်း

စစ်ခေါင်းဆောင် အာဏာသိမ်းပြီးဖွဲ့စည်းထားတဲ့ နိုင်ငံအဆင့်ကောင်စီမှာ သူကိုယ်တိုင် ဥက္ကဋ္ဌလုပ်ပြီး ပြည်နယ်နဲ့တိုင်းတွေမှာတော့ သူကြိုးဆွဲရာကမယ့် ပြည်နယ်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌတွေကို တာဝန်ပေးခဲ့ပါတယ်။ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကိုတော့ ဒေါက်တာတင်ဌေးက ဥက္ကဌအဖြစ်တာဝန်ယူပြီး စတင်အကောင်အထည်ဖော်ခဲ့ပေမယ့် မကြာခင်မှာပဲ ဒေါက်တာတင်ဌေးအစား ဦးဇော်လင်းထွန်းကို ပြောင်းလဲတာဝန်ပေးပါတယ်။ ဦးဇော်လင်းထွန်းဟာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ် ဦးသိန်းစိန်အစိုးရလက်ထက်၊ ဦးထင်ကျော်အစိုးရလက်ထက်တို့မှာ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မွန်ပြည်နယ်ဗုဒ္ဓကလျာဏယုဝအသင်းရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားသလို မော်လမြိုင်မြို့ရဲ့ စစ်တပ်ထောက်ခံပွဲတွေကို…

စစ်ခေါင်းဆောင်အတွက် ကြံမ္မာဆိုးဝင်တဲ့ ၂၀၂၃ ခုနှစ် လည်ပြန်

သံလွင်တိုင်းမ် ၂၀၂၃ ခုနှစ်ကို ပြန်ပြောင်းလှည့်ကြည့်မယ်ဆို မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းတွေမှာ တစ်ခေတ်တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ နိုင်ငံရေးလှိုင်းတံပိုးတွေ ပြင်းထန်နေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အထင်အရှားဖြစ်ရပ်တွေက ပြဆိုနေတာတော့ စစ်ကောင်စီတပ်ဟာ ပျက်စီးပြိုဆင်းနေပြီဆိုတာကို တွေ့ရပါမယ်။ စစ်တပ်သမိုင်းမှာ တစ်ခါမှမကြုံခဲ့ဖူးတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို နိုင်ငံသစ္စာဖောက်မှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှုတွေနဲ့ ထောင်တစ်သက်တစ်ကျွန်း အချခံလိုက်ရတာ၊ ငါမသေ ငါ့စခန်းမကျစေရဆိုတဲ့ စစ်တပ်၊ ကတုတ်ကျင်းလေးတစ်ခုကို စွန့်ရင်တောင် သေဒဏ်ပေးလို့ရတဲ့…