တောင်ကိုရီးယား ယာယီသမ္မတ စွပ်စွဲပြစ်တင်ခံရ
ဆိုးလ်၊ ဒီဇင်ဘာ ၂၇ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်မပြည့်ခင်မှာပဲ နိုင်ငံ ဝန်ကြီးချုပ်နဲ့ ယာယီသမ္မတ ဟန်ဒက်ဆူးအပေါ် စွပ်စွဲ ပြစ်တင်မယ့် အဆိုကို အတိုက်အခံ လွှတ်တော်အမတ်တွေက တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီက အမည်စာရင်း တင်သွင်းထားတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံတရားရုံး တရားသူကြီးတွေကို ခန့်အပ်ဖို့ ယာယီသမ္မတ…