အမှန်/အမှား

++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“NUG နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကို ကိုရီးယားအစိုးရက စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူနေတယ်”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထောက်ခံချက်နဲ့ ပတ်စ်ပို့စာအုပ် သက် တမ်းတိုးတာတွေကို ရပ်နားထားကြောင်း ဒီဇင်ဘာ ၁၈ ရက်မှာ တောင်ကိုရီးယားအစိုးရ လူဝင်မှုကြီး ကြပ်ရေးဌာနဘက်က ထုတ်ပြန်ထားပါတယ်။

အခုရပ်ဆိုင်းတာက ပတ်စပို့စာအုပ် သက်တမ်းတိုး တုံးအသစ်ထုမယ့်ကိစ္စသာဖြစ်ပြီး တုံးထုပြီးသားတွေလည်း ကိုရီးယားအစိုးရနဲ့ ညှိနှိုင်းလုပ်ထားတာကြောင့် မြန်မာနိုင်ငံသားတွေအတွက် ဘာမှ အရေးယူမှုတွေရှိမှာ မဟုတ်တဲ့အပြင် NUG သက်တမ်းတိုးတုံး ထုထားသူတွေအနေနဲ့လည်း အ ခက်အခဲ တစ်စုံတစ်ရာရှိရင် ကိုယ်စားလှယ်ရုံးက ဖြေရှင်းပေးနိုင်ပါတယ်လို့ ကိုယ်စားလှယ်ရုံးနဲ့နီးစပ်တဲ့သူကDVB ကို ပြောထားပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ရုံးက ဒီ ဇင်ဘာလအတွင်း အဖမ်းဆီးခံရသူ ဗီဇာမဲ့ မြန်မာနိုင်ငံသား ၁၄ ယောက်ကို ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ပြီး ယာယီနေထိုင်ခွင့် (ပြည်ထွက်မိန့်) သက်တမ်းတိုးဖို့ ငြင်းဆိုခံရသူ တစ်ယောက်ကိုလည်း ပြေလည်အောင် ဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကိုယ်စားလှယ်ရုံး ထုတ်ပြန်ချက်

https://shorturl.at/oJOJn

DVB သတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/V1Cd5

မောင်း သတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/ZJ5gc

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.