မော်လမြိုင် ဒီဇင်ဘာ ၂၆

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်တစ်ပြည်လုံး စစ်အာဏာရှင် စ နစ်‌အောက်ကနေ ပထမဆုံး လွတ်မြောက်တော့မယ့်အောင်ပွဲအတွက် မွန်နဲ့ပအိုဝ်းတော်လှန်ရေးအဖွဲ့တွေက ဂုဏ်ပြုကြောင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သဝဏ်လွှာပေးပို့ပါတယ်။

အဲဒီသဝဏ်လွှာကို မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်ဆန့်ကျင်ရေး NMSP-AD ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC၊ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ PNFC တို့က ပူးတွဲကြေညာတာ ဖြစ်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ နိုင်ငံရေးဦးဆောင်မှု AA ရဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုကြောင့် ရ ခိုင်ပြည်နယ်ရှိ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မကြာမီကာလမှာ ရခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်တွေ ကင်းစင်ပျောက်ပသွားအောင် AA ရဲ့ ဆက်လက်တိုက်ပွဲဝင်မှုနဲ့ ရဲစွမ်းသတ္တိကို အခုသဝဏ်လွှာနဲ့အတူ ဂုဏ်ပြုတယ်လို့ မွန်နဲ့ပအိုဝ်း တော် လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်ဆန့်ကျင်ရေး NMSP-AD ပြောခွင့်ရ နိုင်ကောင်းစကားက ရခိုင်ပြည်ရဲ့ အောင်ပွဲဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ တော်လှန်သူတွေအတွက် တကယ့်ကို အားဖြစ်စေတယ်လို့ ပြောပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ရခိုင်ပြည်ဟာ စစ်ကောင်စီကင်းစင်မယ့်မြေ ပထမဦးဆုံးဖြစ်ဖို့ အာလးအလာရှိဆုံးလို့ ပြောရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်လွတ်မြောက် ရေးတင်မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ဗမာအပါအဝင် ဘဝတူအဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးအသီးသီးတွေရဲ့ လွတ်မြောက်ရေးအတွက်ကိုလည်း စစ်ရေးနိုင်ငံရေး ရည်မှန်းချက်ထားရှိတဲ့အပေါ် လက် တွေ့ မှာ ဆက်စပ်ပြီး အားပေးကူညီပူးပေါင်း တော်လှန်လုပ်ဆောင်နေတာကို တွေ့ရတော့ ကျွန် တော်တို့ အထူးဂုဏ်ယူမိပါတယ်” လို့ ဆိုပါတယ်။

အာရက္ခတပ်တော် AA အနေနဲ့ ဒီဇင်ဘာလအတွင်းမှာပဲ မြို့သုံးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဂွမြို့ကိုလည်းရရှိဖို့ လက်တစ်ကမ်းအလိုမှာ ရောက်ရှိနေတဲ့အတွက် ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက် ဖြူနဲ့ မာန်အောင်မြို့တို့ကိုသာ ဆက်လက်သိမ်းပိုက်ဖို့ ကျန်ရှိတော့တာပါ။

ရခိုင်ပြည်ရဲ့ အလားအလာ‌ကောင်းတွေနဲ့အတူ ရခိုင်ပြည်လွတ်မြောက်ရေးမှာသာ ရပ်တန့်မနေဘဲ ပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် ULA/AA က နိုင်ငံရေးအမြင်ကျယ်စွာနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို အထူးဂုဏ်ယူရတယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

မွန်နဲ့ ပအိုဝ်းတွေအနေနဲ့လည်း အခုအောင်ပွဲဟာ ရခိုင်ပြည်သူတွေရဲ့ အောင်ပွဲဖြစ်သလို ပြည်သူတစ် ရပ်လုံးရဲ့ အောင်ပွဲလည်းဖြစ်တဲ့အတွက် အားလုံးလွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို ရရှိမှာဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့အညီ သူ့အရေးကိုယ့်အရေး အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ရခိုင်တို့လိုအင်အားသိပ်မကောင်းပေမယ့် တတ်နိုင်သလောက် စုစည်းပြီး တော်လှန်ရေးအတွက် ကြိုးပမ်းနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့က မွန်ရော၊ ပအိုဝ်းရော ရခိုင်တို့လို ကချင်တို့လိုမျိုး အခြားသော တိုင်းရင်းသားတွေလိုမျိုး အင်အားသိပ်မကောင်းဘူးဆိုပေမယ့် ကျွန်တော်တို့ တတ်နိုင်သလောက် ရှိသမျှအင်အားတွေနဲ့ စုစည်းပြီးတော့မှ ဒီတော်လှန်ရေးထဲမှာ အားလုံးပါဝင်ဖို့ အတိုင်းအတာတစ်ခုအထိ ပါဝင်နိုင်ဖို့လည်း ကျွန်တော်တို့ဘက်က ကြိုးပမ်းဆောင်ရွက်နေတာရှိပါတယ်”လို့ ဆိုပါတယ်။

လောလောဆယ်မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ PNFC တို့ဟာ အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC မှာ နိုင်ငံရေးအရ ပါဝင်နေကြတဲ့ တိုင်းရင်း သားတော်လှန်ရေး အဖွဲ့တွေဖြစ်ပါတယ်။

တစ်ဘက်မှာ တော်လှန်ရေးမှာပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း Bottom up Federalism ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးအတွက် နိုင် ငံရေးအရ ဆွေးနွေးမှုမှာလည်း အတူတူပါဝင်နေတာလို့ နိုင်မွန်စိုင်းက ရှင်းပြပါတယ်။

ပြည်သူလူထုအားလုံးလိုလားတဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် ဘဝတူ ညီ နောင်တော်လှန်ရေးအင်အားစုတွေနဲ့အတူ ခိုင်ခိုင်မာမာ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ မွန်နဲ့ ပအိုဝ်း တော်လှန်ရေးအဖွဲ့တွေ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.