ဘန်ကောက်၊ ဒီဇင်ဘာ ၁၆

Forbes မဂ္ဂဇင်းက ဖော်ပြတဲ့ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ ဩဇာတိက္ကမအကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာ ပါဝင်လာပါတယ်။

ဝန်ကြီးချုပ်ရုံးဝန်ကြီး ဂျာရာပွန် ဆင်းဟုပ်ပရိုင်ရဲ့ ပြောကြားချက်အရ ပေသွန်ထန်ဟာ ကမ္ဘာ့အဆင့် ၂၉ နေရာမှာ ရှိနေပြီး အာရှမှာတော့ တတိယနေရာမှာ ရှိနေတယ်လို့ သိရပါတယ်။

FILE – Thailand’s former Prime Minister Thaksin Shinawatra, left, with, his daughter Paetongtarn, arrives at Don Muang airport in Bangkok, Thailand, Tuesday, Aug. 22, 2023.(AP Photo/Sakchai Lalit, File)

အာရှက ဩဇာတိက္ကမ အကြီးမားဆုံး အမျိုးသမီးတွေကတော့ တရုတ် အီလက်ထရွန်နစ် စီးပွားရေးလုပ်ငန်းကြီး JD.com ရဲ့ အမှုဆောင် အရာရှိချုပ် ဆန်ဒီရန်ဆူး (ကမ္ဘာ့အဆင့် ၂၇) နဲ့ အိန္ဒိယ ဘဏ္ဍာရေးနဲ့ လုပ်ငန်းစုရေးရာဝန်ကြီးဌာန ဝန်ကြီး နာမာလာ ဆီသာရာမန် (ကမ္ဘာ့ အဆင့် ၂၈) တို့ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်တဲ့ ပေသွန်ထန်ဟာ အသက် ၃၇ နှစ်အရွယ်မှာ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပေသွန်ထန် ဦးဆောင်တဲ့ ထိုင်းအစိုးရက အစိုးရဝန်ထမ်း လစာတိုးမြှင့်ရေးနဲ့ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရေးတို့အပြင် စီးပွားရေး နှိုးဆွရေးအတွက် နိုင်ငံသားတွေကို ဒီဂျစ်တယ်ငွေကြေးတွေလည်း ပေးဝေထားပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့ သမီး ပေသွန်ထန်ဟာ ဝန်ကြီးချုပ်ဟောင်း ဆရီသာ ထုတ်ပယ်ခံရပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။

အာဏာရပါတီ အနေနဲ့ ဝန်ကြီးချုပ် အပြောင်းအလဲ လုပ်လိုက်ရပေမယ့် အရင်က မူဝါဒတွေကို ဆက်လက် အကောင်အထည်ဖော်နေဆဲ ဖြစ်ပါတယ်။

ပေသွန်ထန်ဟာ သက်ဆင်ရဲ့ အငယ်ဆုံးသမီး ဖြစ်ပြီး သက်ဆင်ရဲ့ ညီမ (ပေသွန်ထန်ရဲ့ အဒေါ်) ယင်လပ်ဟာလည်း ဝန်ကြီးချုပ်ဟောင်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပေသွန်ထန်ဟာ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာ ကြီးမားတဲ့ ချူလာလောင်ကွန် တက္ကသိုလ်ကနေ နိုင်ငံရေး သိပ္ပံပညာနဲ့ ဘွဲ့ရထားသူ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.