အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ဗန်းမော်မြို့က အကြမ်းဖက်ထောက်ခံသူ ၅၀၀၀ ကျော်ဟာ KIA ထိန်းချုပ်နယ်မြေထဲ ထွက်ပြေးသွားတယ်”ဆိုပြီး စစ်ကောင်စီဘက်က လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေက ဒီဇင်ဘာ ၉ ရက်နေ့မှာ ဝါဒဖြန့်ချန်နယ်တွေကနေ ရုပ်သံဖိုင်တစ်ခုကို စတင်ဖြန့်ဝေခဲ့တာပါ။

ဖြစ်စဉ်မှာတော့ ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ဒေသခံတွေအားလုံး ဘေးလွတ်ရာကို ခက်ခက်ခဲခဲ တိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗန်းမော်မြို့တွင်းကို ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာတွေ ရှိနေတဲ့အတွက် ဗန်းမော်မြို့ပတ်ပတ်လည်မှာရှိတဲ့ ရွာက ပြည်သူတွေအပါအဝင် မြို့တွင်းနေထိုင်တဲ့ ပြည်သူတွေဟာ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး ရေလမ်း၊ကုန်းလမ်းကနေ တိမ်းရှောင်နေကြတဲ့ ရုပ်သံမှတ်တမ်းကို Kachin News Group က ဖော် ပြထားပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်နဲ့ တစ်စင်းပြီးတစ်စင်း လာရောက်ပစ်ခတ်နေတာကြောင့် ဗန်းမော်မြို့ထဲမှာ အသက်ကြီးရွယ်အိုနဲ့ ပြောင်းရွှေ့ဖို့ ငွေကြေးမတတ်နိုင်သူတချို့အပါအဝင် အရပ်သား တစ်ထောင်နီးပါး ဆက်ပြီးကျန်နေသေးတယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

Kachin News Groupသတင်းဌာနက ဖော်ပြထားတဲ့သတင်းလင့်

https://www.facebook.com/watch/?

v=1656361845093254&rdid=SQY3z1FzY4U5YJgL

RFA သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=1006955754799160&id=100064542350311&rdid=015VsoRQ9m9Q4TeP

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.