ဘန်ကောက်၊ ဒီဇင်ဘာ ၁

ထိုင်းရေလုပ်သား လေးဦး ပြန်လည် လွတ်မြောက်ရေး ဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆမ်ဂီယမ်ပွန်ဆာဟာ ဒီဇင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံသို့ သွားပြီး စစ်ကောင်စီ အရာရှိတွေနဲ့ ဆွေးနွေးမှာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံသား လေးဦးကို မြန်မာဖက်က ပြန်လည် ပို့ဆောင်ရေး ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း နှစ်နိုင်ငံ နယ်စပ်ကော်မတီကို ကိုးကားပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် သာနာတစ် ဆာဝမ်ဆာအန်က ပြောကြားထားပါတယ်။

This handout photo taken on November 30, 2024 and released on December 2 by the Royal Thai Navy’s Third Naval Area Command shows an injured fisherman carried on a stretcher at a port in Ranong in Thailand near the Myanmar border. – Thailand was expected to meet with Myanmar’s ambassador on December 2 as it pushed to secure the release of four Thai nationals detained after Myanmar naval vessels reportedly fired on fishing boats. (Photo by Handout / Royal Thai Navy’s Third Naval Area Command / AFP) / – NO Marketing campaign / – NO MARKETING CAMPAIGN / —–EDITORS NOTE — RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / ROYAL THAI NAVY’S THIRD NAVAL AREA COMMAND ” – NO MARKETING – NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS /

ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်၊ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့ပြီး အခုလိုကြန့်ကြာနေတာဟာ ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပြီး တခြားပြဿနာ မရှိဘူးဆိုတာကို သိရှိခဲ့ရကြောင်း ဗိုလ်မှူးချုပ် သာနာတစ်က ပြောပါတယ်။

ထိုင်းနိုင်ငံသား လေးဦးနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ သူတို့ တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်လာတာကို မြင်တွေ့လိုကြောင်း ထိုင်းဝန်ကြီးချုပ်က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတာ သီတင်းနှစ်ပတ်နီးပါး ရှိနေပြီ ဖြစ်တဲ့ ထိုင်းရေလုပ်သား လေးဦး ပြန်လည်လွတ်မြောက်ရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီ အရာရှိတွေနဲ့ ဒီဇင်ဘာ ၁၉ ရက်မှာ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် သာနာတစ်က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေကို သူတို့ရဲ့ မိသားစုဝင်တွေ အချိန်နဲ့ တပြေးညီ သိရှိစေရေး ဆောင်ရွက်ပေးဖို့လည်း နယ်စပ်ကော်မတီနဲ့ တခြား အေဂျင်စီတွေကို ကာကွယ်ရေးဝန်ကြီးက ညွှန်ကြားထား ကြောင်း သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက်က ခိုဖာယမ်ကမ်းလွန် ရေမိုင် ၁၂ မိုင်လောက်မှာ မြန်မာရေလုပ်သား ၂၇ ဦးနဲ့အတူ ထိုင်းရေလုပ်သား ၄ ဦး လိုက်ပါလာတဲ့ ငါးဖမ်းလှေတွေကို စစ်ကောင်စီ ရေတပ်က ရေပိုင်နက် ကျူးလွန် ဝင်ရောက်တယ် ဆိုပြီး ပစ်ခတ်ခဲ့ပါတယ်။

သူတို့ရဲ့ ငါးဖမ်းလှေတွေနဲ့ ရေလုပ်သား ၃၁ ဦးကို စစ်ကောင်စီ အရာရှိတွေက ဖမ်းဆီးခဲ့ပြီး အဲဒီ ဖြစ်ရပ်အတွင်း ရေလုပ်သား တစ်ဦး ခုန်ချထွက်ပြေးတာကြောင့် ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဖမ်းခံထားရသူတွေကို ကော့သောင်း အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.