အမှန်/အမှား
+++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ ကျေးရွာအုပ်စုတစ်စုလျှင် စစ်မှုထမ်းတပ်သား သစ်တစ်ဦးမပေးပါက ပေါ်တာဆွဲဖမ်းဆီးသွားမယ်လို့ ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်က ခြိမ်း ခြောက်သွားတဲ့ သတင်းကို စစ်တပ်လော်ဘီတွေက သတင်းအမှားပါ”ဆိုပြီး လိမ်လည်ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီဖြစ်တဲ့ Saw Ba Maung ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ ကျေးရွာအုပ်စုတစ်စုလျှင် စစ်မှုထမ်းတပ်သား သစ်တစ်ဦးပေးရမှာဖြစ်ပြီး အမိန့်ညွှန်ကြားချက်အတိုင်း လိုက်နာမှုမရှိပါက ပေါ်တာဆွဲဖမ်းဆီးသွားမယ်လို့ လှိုင်းဘွဲစစ်ဗျူဟာမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခြိမ်းခြောက်သွားတယ်လို့ လွတ် လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ က ရပ်ကွက်နဲ့ ဃ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအပါအဝင် ထော်ရွဲ၊ အင်းနို့သိပ္ပံ၊ ကမော့လဲစတဲ့ ကျေးရွာအတွင်းက အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ်က လှိုင်းဘွဲဗျူဟာရုံးနဲ့ မြို့နယ်ထွေအုပ်ရုံးတွေမှာ ခေါ်ယူတွေ့ဆုံပြီး ဒီဇင်ဘာ ၁၂ ရက်နောက်ဆုံးထားကာ စစ် မှုထမ်းအပတ်စဉ် ၈ အတွက် စစ်မှုထမ်းတပ်သားသစ်တွေကို လှိုင်းဘွဲဗျူဟာရုံးသို့ အရောက်ပို့လာပေးဖို့ ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်က အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။
သတ်မှတ်ထားသော အရေအတွက်ပြည့်မီအောင် မပေးနိုင်လျှင် တစ်ဦးချင်းစီအတွက် ကျပ်ငွေသိန်း ၃၀ လျော်ရမှာဖြစ်ပြီး လိုအပ်ပါက မြို့အဝင်အထွက်ဂိတ်တွေမှာ ဖမ်းဆီးခေါ်ဆောင်သွားမယ်လို့ ဗျူဟာမှူးကပြောသွားကြောင်း မဇ္ဈိမသတင်းဌာနက ဖော်ပြထားပါတယ်။
သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြထားတဲ့သတင်းလင့်
မဇ္ဈိမသတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်