November 2024

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့ စစ်တပ်ကို တရုတ်သမ္မတ တိုက်တွန်း

ဘေဂျင်း၊ နိုဝင်ဘာ ၆ စစ်တပ်အနေနဲ့ အကျင့်ပျက်ခြစားမှုနဲ့ မကောင်းတဲ့ ဘက်လိုက်တိမ်းညွတ်မှုတွေကို တိုက်ဖျက်ရမှာ ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၅ ရက်မှာဖော်ပြပါတယ်။ ဘေဂျင်းအစိုးရက လက်နက်ကိုင်တပ်တွေအတွင်းမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့ မကြာသေးခင်က ပိုမို ဖိအားပေးဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေခရိုင်မှာ တပ်ဖွဲ့ဝင်တွေကို မိန့်ခွန်း ပြောကြားချိန်အတွင်း သမ္မတ…

ငဖဲမှာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

မကွေး နိုဝင်ဘာ ၆ မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ PRA Magway က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနဲ့ မိုင်တိုင် ၁၁ မှာရှိတဲ့ အမ်း-ပဒါန်းလမ်းပိုင်းမှာ လုံခြုံရေးယူနေတဲ့စစ်ကောင်စီကင်းစခန်း နှစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ “တိုက်ပွဲဖြစ်တဲ့…

တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး အရှိန်မြှင့်ဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ နိုဝင်ဘာ ၆ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စစ်ဒေသတည်ငြိမ်ရေးကို အတူတကွပူးပေါင်းပြီး အရှိန်မြှင့်တင်သွားဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၅ ရက်နေ့မှာ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင်နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။…

သက်ငယ်မုဒိမ်းမှု အရေးယူပေးဖို့ တောင်းဆိုတဲ့ PDF အမျိုးသမီး အသတ်ခံရတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“အညာဒေသက သက်ငယ်မုဒိမ်းတွေကို အရေးယူပေးဖို့ ပြောတဲ့ PDF အမျိုးသမီး တစ်ဦးကို NUG လက်အောက်ခံ PDF တွေ သတ်ပစ်လိုက်ပြီ”လို့ တော်လှန်ရေးမှာ ပါဝင်နေတဲ့…

မြန်မာ့အရေး တရုတ်နဲ့အိန္ဒိယတို့ အပြိုင်အဆိုင်ချဉ်းကပ်လာ

နေပြည်တော် ၊ နိုဝင်ဘာ ၆ အရှေ့ခြမ်းနဲ့အနောက်ခြမ်းမှာ တည်ရှိနေတဲ့ တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အကျပ်အတည်းတွေနဲ့ပတ်သက်ပြီး ပါဝင်နေကြတဲ့ အင်အားစုတွေကို အပြိုင်အဆိုင် ချဉ်းကပ်လာပါတယ်။ တရုတ်က သူတို့နိုင်ငံမှာပြုလုပ်တဲ့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ စစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့သလို အိန္ဒိယကလည်း ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ဖို့ အတိုက်အခံအင်အားစုတွေ၊ EAOs တွေနဲ့ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားခဲ့ပါတယ်။ နိုင်ငံရေးအကဲခတ်တွေကတော့…

မွန်ပြည်နယ်မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးငွေညှစ်မှုပိုဆိုးလာ

မော်လမြိုင် ၊ နိုဝင်ဘာ ၆ မွန်ပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေအပေါ် နည်းလမ်းအမျိုးအမျိုးအသုံးပြုပြီး ဖမ်းဆီးငွေညှစ်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့တွင်းလှည့်လည်တာ၊ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေအပြင် လူနေများတဲ့နေရာတွေမှာ ဧည့်စာရင်းစစ်ဆေးကာ ခြိမ်းခြောက်ငွေညှစ် တောင်းခံတာတွေ ပြုလုပ်နေတာပါ။ အဲဒီလိုလုပ်ဆောင်ရာမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရ သတ်မှတ်ထားတဲ့ ပေါင်၊…

ကော့သောင်းမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ကော့သောင်း၊ နိုဝင်ဘာ ၆ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ ခမောက်ကြီးမြို့နယ် အမှတ် ၄ ရပ်ကွက် ဒေသအခေါ် ဖောင်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးကို နိုဝင် ဘာ ၄ ရက် ညနေ ၅ နာရီအချိန်ခန့်ခွဲမှာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သွား ရောက်…

ဖာပွန်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံး

ဖာပွန်၊ နိုဝင်ဘာ ၆ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာပြီးခဲ့တဲ့ အောက်တိုဘာ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၅ ဌာနချုပ်က ထုတ်ပြန်ပါတယ်။ အောက်တိုဘာလထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေထဲကို လေ ကြောင်းက နေတစ်ဆင့် ဗုံးအလုံးပေါင်း ၃၆၉…

တောင်တရုတ်ပင်လယ်မှာ ဗီယက်နမ်ရဲ့ ကျောက်တန်းတိုးချဲ့မှု မလေးရှား စောဒကတက်

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၅ နှစ်နိုင်ငံစလုံးက သူတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ တောင်တရုတ် ပင်လယ်ထဲမှာ ကျောက်တန်းတည်ဆောက်မှုကို ဗီယက်နမ်က တိုးချဲ့ဆောက်လုပ်နေတယ်ဆိုတဲ့ ကိစ္စအတွက် မလေးရှားက ကန့်ကွက်ကြောင်း အသိပေးစာ တစ်စောင်ကို ဟနွိုင်းအစိုးရဆီ ပေးပို့ထားတယ်လို့ အရာရှိ နှစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ဒါက တရုတ် မပါဝင်ဘဲ မလေးရှားနဲ့ ဗီယက်နမ်ကြား ရှားရှားပါးပါး တင်းမာမှု…

အီလွန်မက်စ်အနေနဲ့ မဲပေးသူတွေကို ဒေါ်လာ ၁ သန်းစီ ဆက်ပေးခွင့်ရှိတယ်လို့ တရားသူကြီး ဆုံးဖြတ်

ဝါရှင်တန်၊ နိုဝင်ဘာ ၅ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း နှစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ သူဌေးကြီး အီလွန်မက်စ်ရဲ့ နိုင်ငံရေး အုပ်စုက မဲပေးသူတွေကို ဒေါ်လာ ၁ သန်းစီ ဆက်ပြီး ပေးခွင့်ရှိတယ်လို့ တရားသူကြီး တစ်ဦးက ဆုံးဖြတ်လိုက်ပါတယ်။ အီလွန်မက်စ်ရဲ့ America PAC အုပ်စုက အဲဒီ ပြည်နယ်တွေမှာ မဲပေးသူတွေကို…