မူဆယ်၊ နိုဝင်ဘာ ၃၀

မြန်မာ-တရုတ်နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်ကောင်စီက အခြေခံစားသောက်ကုန်တွေအပါအ ဝင် စက်သုံးဆီသယ်ယူခွင့်တွေကို ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တအာင်းပြည်နယ် တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ မူဆယ်မြို့မှာ စစ်ကောင်စီက တရုတ်ပြည်နိုင်ငံမှလာတဲ့ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို နိုဝင်ဘာ ၂၈ ရက်နေ့ကစပြီး ပိတ်ပင်လိုက်တာပါ။

စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေဖြစ်တဲ့ ကုန်းလမ်းပို့ဆောင်ရေးနဲ့ ညွှန်ကြားမှုဦးစီးဌာနမှာ မှတ် ပုံတင်ထားတဲ့ မော်တော်ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးယာဉ်နဲ့ ကုန်တင်ယာဉ်တွေကိုသာ နိုင်ငံဖြတ်ကျော်ခွင့်စာအုပ် ( Boarder Pass) ပြုလုပ်ကာ သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းအရေအတွက်ဖြစ်သာ ဝယ်ယူရောင်းချခွင့်ပြုနေတယ်လို့ ဆိုပါတယ်။

အရင်က မူဆယ်ဒေသအတွင်းကို တရုတ်ပြည်ရွှေလီနဲ့ ဂျယ်ဂေါင်မြို့တွေမှတဆင့် စက်သုံးဆီနဲ့ အ ခြေခံစားသောက်ကုန်တွေကို အနည်းငယ်သာ သယ်ယူတင်သွင်းခွင့်ပြုထားရာမှ အခုအခါမှာတော့ ထပ်မံပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အခုလိုကန့်သတ်ပိတ်ပင်မှုကြောင့် မီးဖိုချောင်သုံး အသီးအနှံ၊ အသားငါးအပါအဝင် ကုန်စည်ဈေး နှုန်းတွေ အဆမတန်မြင့်တက်သွားနိုင်ပြီး စက်သုံးဆီမလုံလောက်မှုနဲ့အတူ ဒေသခံပြည်သူတွေဟာ အရင်ကထက် ပိုမိုကျပ်တည်းသွားနိုင်တယ်လို့ TNLA က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.