November 3, 2024

လောင်းလုံးမှာ ပစ်သတ်ခံရတဲ့ အရပ်သားဟာ PDF လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ပစ်သတ်ခံလိုက်ရတဲ့ အရပ် သားဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ဖြစ်တယ်”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ လုပ် ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

အနိုင်အရှုံးစိတ်ဓာတ်ကို စွန့်လွှတ်ဖို့ပြောဆိုမှု တော်လှန်ရေးအဖွဲ့တွေ ဘာပြောလဲ

မော်လမြိုင် ၊ နိုဝင်ဘာ ၃ မြန်မာ့အ‌ရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်လေ့ရှိတဲ့ ကုလသမဂ္ဂက ပဋိပက္ခမှာ ပါဝင်သူတွေကို အနိုင်အရှုံး စိတ်ဓာတ်ကို အပြီးအပြတ်စွန့်လွှတ်ပြီး ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်မှာ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂွအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ပြောကြားခဲ့တာပါ။ မြန်မာ့ပဋိပက္ခအတွင်း ပါဝင်နေကြသူတွေအနေနဲ့…

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် SME လုပ်ငန်းတွေ လည်ပတ်ဖို့အခက်ကြုံ

မော်လမြိုင် ၊ နိုဝင်ဘာ ၃ မွန်ပြည်နယ်မှာ အခုနှစ်ပွင့်လင်းရာသီအစမှာပဲ လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်လာတာကြောင့် အသေးစား၊ အလတ်စား SME လုပ်ငန်းတွေအပါအဝင် လုပ်ငန်းအားလုံး လည်ပတ်ဖို့ အ ခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသတွင်းမှာ လျှပ်စစ်မီးကို ပြီးခဲ့တဲ့ မိုးတွင်းကာလတုန်းက တစ်ရက်လျှင် အလှည့်ကျစနစ်နဲ့ ၁၂ နာရီဝန်းကျင်ခန့် ရရှိခဲ့ရာမှ လက်ရှိမှာတော့ တစ်ရက်ကိုအလှည့်ကျစနစ်နဲ့…

ကျွန်းစုမှာ အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ အရပ်သားတစ်ဦး အသတ်ခံရ

ကျွန်းစု၊ နိုဝင်ဘာ ၃ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကျောက်ပိတ်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ အရပ်သားတစ်ဦးကို လက်နက်ကိုင်ဖွဲ့တစ်ခုက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ညပိုင်းမှာ ကျောက်ပိတ်ရွာ နားရေအိမ်မှပြန်လာတဲ့ ကျောက် ကုန်းရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွှေဂဲညိုရွာမှ အမျိုးသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ ကျောက်ပိတ်ရွာနဲ့ ကျောက်ကုန်းရွာတို့ဟာ ကျွန်းစုမြို့နယ်…

KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံး၊ လူပေါင်း ၃၀၀၀ ကျော် ထွက်ပြေးနေရ

ဘားအံ၊ နိုဝင်ဘာ ၃ ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်နဲ့ ဒူးပလာယာခရိုင်နယ်မြေတွေထဲမှာ စစ်ကောင် စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုနဲ့ ဒေသတွင်းသတင်းရင်းမြစ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က KNU တောင်ငူခရိုင် ၇ မိုင်ရွာနဲ့ပျားစခန်းရွာထဲကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ…