October 29, 2024

ရုရှားသို့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်ထားတယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၂၉ တပ်ဖွဲ့ဝင်တွေ အရှိန်မြှင့် ချထားမှုကြောင့် လုံခြုံရေးအန္တရာယ် သိသိသာသာ ပိုများလာတယ်လို့ တောင်ကိုရီးယားက သတိပေးထားချိန်မှာ မြောက်ကိုရီးယားက ရုရှားမှာ လေ့ကျင့်ဖို့ တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်ထားပြီး မကြာခင် ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ စေလွှတ်နိုင်တယ်လို့ အမေရိကန်က ပြောပါတယ်။ နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားက ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားကို…

သမ္မတ ရွေးကောက်ပွဲမှာ ထရန့် အနိုင်ရသွားမှာကို ဥရောပနိုင်ငံတွေ စိုးရိမ်

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၂၉ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း တစ်ပတ်လောက်ပဲ လိုတော့တဲ့အချိန်မှာ သမ္မတဟောင်း ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ပြန်ရောက်လာနိုင်ခြေကို ဥရောပနိုင်ငံ တော်တော်များများက စိုးရိမ်နေကြပါတယ်။ လာမယ့် နိုဝင်ဘာ ၅ ရက်မှာ ရီပက်ဘလေကန်ပါတီ ကိုယ်စားလှယ်လောင်း ထရန့်ကသာ အနိုင်ရသွားမယ်ဆိုရင် အမေရိကန်ဟာ အာဏာရှင်စနစ်ဘက်ကို ဦးလှည့်သွားမှာ ဖြစ်ပြီး အပြန်အလှန်အနေနဲ့…

မန္တလေး PDF အချုပ်ဆောင် ဗုံးကြဲခံရလို့ စစ်သုံ့ပန်းအပါအဝင် ၁၂ ဦး သေဆုံး ၆၀ နီးပါးဒဏ်ရာရ

မန္တလေး ၊ အောက်တိုဘာ ၂၉ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အချုပ်ဆောင် လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် စစ် သုံ့ပန်းတွေအပါအဝင် ၁၂ ဦး သေဆုံးပြီး ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး PDF က ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ အောက်တိုဘာ ၂၈ ရက်နေ့…

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးပြင်းထန်ဒဏ်ရာရ

တနင်္သာရီ၊ အောက်တိုဘာ ၂၉ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တန င်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ တပ်အင်အား ၄၀ ဝန်းကျင်နဲ့ မြိတ်မြို့နယ်ဘက်မှ တနင်္သာရီမြို့နယ်ဘက်ကို လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို အောက်တိုဘာ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ…

နောင်ချိုမှာ ဗုံးကြဲခံရလို့ အရပ်သားတစ်ဦး ထပ်မံသေဆုံး

နောင်ချို၊ အောက်တိုဘာ ၂၉ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့နယ်ရှိ သပြေရပ်ကွက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင်…

လောင်းလုံးမှာ ဒေသခံတွေ သတ်ဖြတ်ခံရတာ PDF တွေလို့ သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “လောင်းလုံးမြို့ နယ်မှာ စစ်ကောင်စီတပ်က ဒေသခံလူငယ်တွေကို ဖမ်းဆီးသတ် ဖြတ်ပြီး PDF တွေကို ဖမ်းဆီးရှင်းလင်းခဲ့တယ်”ဆိုပြီး စစ်တပ်လော်ဘီတွေ လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

မင်းတပ်မြို့ ဗုံးကြဲမှု PDF ၄၀ ကျော် သေဆုံးတယ်လို့ စစ် တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲ စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံး ကြဲတိုက်ခိုက်မှုမှာ PDF တပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးတယ်”ဆိုပြီး စစ်တပ်လော်ဘီတွေ လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…