October 12, 2024

မုဒုံ အမှတ် ၃၁၈ အမြောက်တပ် တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

မုဒုံ၊ အောက်တိုဘာ ၁၂ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် အမှတ် ၃၁၈ အမြောက်တပ် တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က အောက်တိုဘာ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ မနက် ၅ နာရီ ၃၀…

သံဖြူဇရပ်အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေး အသင်းသား ၃ ဦး အကြမ်းဖက် ပုဒ်မနဲ့ အမှုဖွင့်ခံရ

မော်လမြိုင်၊ အောက်တိုဘာလ ၁၂ သံဖြူဇရပ်မြို့ အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဌ အပါအဝင် ၃ ဦးကို အောက်တိုဘာ ၉ ရက်နေ့မှာ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်လိုက်တယ်လို့ အသင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ စစ်ကောင်စီဘက်က ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းသားတွေကို ဖမ်းဆီးပြီး ရက်ပေါင်း ၂၀ ကျော် အကြာမှာ လူမှုကူညီရေးအသင်း ဥက္ကဌဖြစ်တဲ့…

မယ်ဆိုင်မြစ်တလျှောက်ရှိ တရားမဝင် အဆောက်အဦတွေနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မြန်မာ ဆွေးနွေးမယ်

ဘန်ကောက်၊ အောက်တိုဘာ ၁၂ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ဒေသမှာ ရေကြီးရေလျှံမှု ပြဿနာ ဖြေရှင်းဖို့ မယ်ဆိုင်မြစ် တလျှောက်မှာ ဆောက်လုပ်ထားတဲ့ တရားမဝင် အဆောက်အဦတွေနဲ့ ပတ်သက်လို့ မြန်မာနဲ့ ဆွေးနွေးဖို့ အရာရှိတွေ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ထိုင်း လက်ထောက်ဝန်ကြီးချုပ် ဖွန်သမ် ဝီချာယာချိုင်းက ကြေညာပါတယ်။ အဲဒီ ဒေသဟာ မကြာသေးခင်တုန်းက ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပြီး…

မြန်မာကို အထီးကျန်နိုင်ငံဖြစ်အောင် ပစ်မထားကြဖို့ အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း

ဗီယန်ကျန်း၊ အောက်တိုဘာ ၁၂ မြန်မာကို အထီးကျန်နိုင်ငံဖြစ်အောင် ပစ်မထားသင့်ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ကျင်းပတဲ့ အာဆီယံညီလာခံမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ မြန်မာ့ပြဿနာကို ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အရေးကြီးကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးလည်း အရေးကြီးကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့တယ်လို့ အိန္ဒိယ…

မုံးစီးမှာ လေကြောင်းဗုံးကြဲခံရလို့ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

မုံစီး၊ အောက်တိုဘာ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးစီးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ် သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အောက်တိုဘာ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၃ နာရီခွဲအချိန်ခန့်မှာ မုံးစီးမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံးလေလုံးထက်မနည်း ကြဲချခဲ့တာပါ။ စစ်ကောင်စီရဲ့…

မတ္တရာစစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရလို့ သံဃာတော်တွေအပါအဝင် ၁၂ ဦး သေဆုံး

မတ္တရာစစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရလို့ သံဃာတော်တွေအပါအဝင် ၁၂ ဦး သေဆုံး မတ္တရာ၊ အောက်တိုဘာ ၁၂ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MDY PDF က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ နေ့လည်…

တစ်လအတွင်း လူသားချင်းစာနာမှုအကူအညီ ငွေကျပ် ၁၂၂၂ သန်း NUG ပံ့ပိုးခဲ့

မော်လမြိုင် ၊ အောက်တိုဘာ ၁၂ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဝန်ကြီးဌာနရဲ့ အခုနှစ် စက်တင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် ၁၂၂၂ သန်းကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တော်လှန်ပြည်သူတွေရဲ့ ပြည်သူကနေ ပြည်သူအလှူငွေဖြစ်တဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်သူ စစ်ရှောင်ပြည်သူ တစ်သိန်းကျော်ရဲ့…