သံဖြူဇရပ်၊ စက်တင်ဘာ ၁၄

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ သုံးပတ်ကျော်ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သံဖြူဇရပ်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ကနေ စက်တင်ဘာ ၁၂ ရက်နေ့အထိ သုံးပတ်ကျော်ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားငါးဦး စုစုပေါင်း ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီထဲမှာ စက်တင်ဘာ ၁၂ ရက်နေ့က သံဖြူဇရပ်မြို့နယ် အပြင်စခန်းကြီးကျေးရွာနေ အသက် ၃၇ နှစ်အရွယ် ဦးဉာဏ်ထွန်းဟာ သူပိုင်တဲ့ ရော်ဘာခြံမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ် ရာရရှိခဲ့ပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးဉာဏ်ထွန်းဟာ ညာဘက်ကျောပြင် ၆ လက်မခန့် ပေါက်ပြဲဒဏ် ရာနဲ့ ဝဲဘက်ကျောပြင် ပေါက်ပြဲဒဏ်ရာရရှိခဲ့တဲ့အတွက် သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံမှာ အ ရေးပေါ်ကုသမှု ခံယူနေရပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲတွေ ဖြစ်ပေါ်နေတဲ့ သံဖြူဇရပ်မြို့နယ် အပြင်စခန်းကြီး၊ အတွင်းစခန်းကြီး၊ ရဲတံခွန်နဲ့ အေးသာယာကျေးရွာတို့ဟာ စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ် ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားတာပါ။

ဒါပေမယ့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိနေတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ လက် သည်မပေါ်ဘဲ နှစ်ဖက်အပြန်အလှန် စွပ်စွဲမှုတွေသာ ရှိနေပါတယ်။

လဂွန်းအိမ်စာစဉ်ကနေ ပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီကနေ ဩဂုတ်အထိ ရှစ်လတာကာလအတွင်း မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.