September 10, 2024

စစ်အာဏာသိမ်း (၁၃၁၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၄၇) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၁ AAPP ရဲ့ စက်တင်ဘာ ၁၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၁၈) ရက်အတွင်း ပြည်သူ (၅၆၄၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၃၄၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၈၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ဘောင်ကျယ်လာချိန် မွန်ညီညွတ်ရေးပါတီ ဘယ်လိုရှေ့ဆက်မလဲ

မော်လမြိုင် ၊ စက်တင်ဘာ ၁၁ မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့် စစ်ဘောင်ကျယ်ပြန့်လာတဲ့ အခြေအနေမှာပါတီအနေနဲ့ ဘယ်လိုရှေ့ဆက်မလဲဆိုတာ မေး ခွန်းတွေ ရှိနေပါတယ်။ စစ်အာဏာရှင်စနစ်ကို နိုင်ငံအနှံ့ ဝိုင်းဝန်းဖြိုချလို့ အရေးနိမ့်မှုတွေ ဆက်တိုက်ကြုံလာချိန်မှာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နှစ်ခွဲကျော် စောင့်ဆိုင်းထားတဲ့ မွန်ညီညွတ်ရေးပါတီကို ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့ပါတယ်။ မွန်ညီညွတ်ရေးပါတီကို စက်တင်ဘာ ၉ ရက်နေ့ကစပြီး…

မောင်တောက AA အကျဉ်းစခန်းဗုံးကြဲခံရလို့ စစ်သုံ့ပန်း ၅၀ ကျော် သေဆုံး

မောင်တော၊ စက်တင်ဘာ ၁၁ ရခိုင်ပြည်နယ် မောင်တောမြို့ လေးမိုင်အခြေစိုက် နခခ ၂ စခန်း ဗုံးကြဲခံရတာကြောင့် ဖမ်းဆီးထိန်း သိမ်းထားတဲ့ စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA စက်တင်ဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ နခခ ၂ လို့ခေါ်တဲ့ အမှတ် ၂ နယ်ခြားစောင့်တပ်ဖွဲ့ခွဲစခန်းကို စက်တင်ဘာ…

စာသင်ကျောင်းတွေ ဘေးကင်းရေး ကြိုးပမ်းမယ်လို့ KNU ပြော

မော်လမြိုင်၊ စက်တင်ဘာ ၁၁ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် စိန်ခေါ်မှုတွေရှိနေပေမယ့် လုံခြုံတဲ့ ပညာရေးပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့နဲ့ စာသင်ကျောင်းတွေ ဘေးကင်းရေး ကြိုးပမ်းမယ်လို့ ကရင်အမျိုးသားအစည်းအ ရုံး KNU က ကတိပြုလိုက်ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ကြေညာတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကော်သူးလေနယ်မြေအတွင်းရှိ ကျောင်းများဘေးကင်းမှုဆိုင်ရာ ကြေညာစာတမ်းမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။ ကော်သူးလေအတွင်းနေထိုင်တဲ့ ကလေးတွေအားလုံးရဲ့ ပညာသင်ကြားခွင့်ကို…

ဘီးလင်းတိုက်ပွဲအတွင်း အရပ်သားသုံးဦး ဒဏ်ရာရ

ဘီးလင်း၊ စက်တင်ဘာ ၁၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စက်တင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲအတွင်း ခရီးသွားတွေအပါအဝင် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့တွေထံကနေ သိ ရပါတယ်။ အဲဒီနေ့က ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ သံတံတားစစ်ဆေးရေးဂိတ်နဲ့ မစောတံတားဂိတ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။…

ဘီးလင်းမြစ်ရေမြင့်တက်လာလို့ လူပေါင်းတစ်ရာကျော် အရေးပေါ်ပြောင်းရွှေ့

ဘီးလင်း၊ စက်တင်ဘာ ၁၀ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေ ပြန်လည်မြင့်တက်လာတာကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်နေ ဒေသခံတစ်ရာကျော်ကို အရေးပေါ်ပြောင်းရွှေ့ထားရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ ဘီးလင်းမြစ်ရေဟာ ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့ မနက် ၉ နာရီကစပြီး မြင့်တက်လာတဲ့အတွက် ဘီးလင်းမြို့ ကန်သာယာ၊ ဘိုးလှကြီးရပ်ကွက်အပါအဝင် ရပ်ကွက် ၄ ခုက အိမ်ထောင်စု…

လိုသလို ဝယ်မရနိုင်တော့တဲ့ စက်သုံးဆီ အလားအလာ ဘာလဲ ဘယ်လဲ။

“ထိုင်းဆိုရင် အနည်းဆုံးက ၃၅ ဘတ် နဲ့ ၃၆ ဘတ်ကြား ရှိတာကိုး။ ကျွန်တော်တို့ဆီမှာဆိုရင် ၅၀၀၀ အထက်မှာ ရှိတယ်လေ။ ဒါက အနီးစပ်ဆုံး ထိုင်းပေါ့။ တရုတ်ဆိုရင်လည်း ဒီထက် နည်းနည်းဈေးပိုသေးတယ်။ အိန္ဒိယဆိုရင်လည်း နည်းနည်း ဈေးပိုတယ်။ ဘင်္ဂလားဒေ့ရှ် ဆိုရင်လည်း ပိုနေတာပဲ။ ဗမာပြည်ကပဲဆီက အသက်သာဆုံးဖြစ်နေတယ်” – စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦး မြန်မာနိုင်ငံမှာ…

ထိုင်းမှာ မရှိဆင်းရဲသားတွေအတွက် ထောက်ပံ့ကြေး ပထမအသုတ် ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ ပေးမယ်

ဘန်ကောက်၊ စက်တင်ဘာ ၁၀ ထိုင်းနိုင်ငံမှာ မရှိဆင်းရဲသားတွေကို ထောက်ပံ့ပေးဖို့ စီစဉ်ထားတဲ့ ငွေပေးဝေရေး အစီအစဉ်ကို သတ်မှတ်ရက်ထက် စောပြီး စတင်မှု အဖြစ် ပထမဆုံးအသုတ် အနေနဲ့ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံကို အခုလအတွင်း စတင် ပေးဝေသွားမှာ ဖြစ်တယ်လို့ လက်ထောက်ဘဏ္ဍာရေး ဝန်ကြီးက စက်တင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။…

နျူကလီးယားလက်နက် ဆတိုး ထုတ်လုပ်ဖို့ မြောက်ကိုရီးယား စီစဉ်

ဆိုးလ်၊ စက်တင်ဘာ ၁၀ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က မိမိတို့ နိုင်ငံရဲ့ နျူကလီးယားလက်နက် အရေအတွက်ကို ဆတိုး ထုတ်လုပ်ရေးအတွက် နျူကလီးယားအင်အား တည်ဆောက်ရေး မူဝါဒ တစ်ရပ်ကို အကောင်အထည် ဖော်နေပြီလို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၁၀ ရက်မှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၉ ရက်မှာ ကျင်းပခဲ့တဲ့…

လောင်းလုံးက ကျောက်နီမော်ပျူစောထီးစခန်းကို PDF ဝင်စီး

လောင်းလုံး၊ စက်တင်ဘာ ၁၀ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက် အရ သိရပါတယ်။ ကျောက်နီမော်ကျေးရွာ ငါးဦးစီးဌာနရုံးဟောင်းမှာ တပ်စွဲထားတဲ့ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ကို စက်တင်ဘာ ၉ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ…