သပိတ်ကျင်း၊ သြဂုတ် ၂၆
မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေ အပြည့်အဝ သိမ်းပိုက်လိုက်ပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁၇ ရက်နေ့ကစပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာ ဖြစ်ကာ သြဂုတ် ၂၅ ရက်နေ့မှာတော့ မြို့တစ်ခုလုံးကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့တာပါ။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်မျိုးစုံ ၆၃ လက်အပါအဝင် ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ် ၃ ခုရဲ့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အဲဒီ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေနဲ့ ပကဖ အဖွဲ့တွေက မြို့ကို အောင်မြင်စွာ ထိန်းချုပ်နိုင်တယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG