ကိုင်ရို၊ သြဂုတ် ၂၆

ကိုင်ရိုမြို့မှာ ကျင်းပခဲ့တဲ့ ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကြားဝင် ညှိနှိုင်းပေးသူတွေ တင်ပြတဲ့ အဆိုပြုချက်တွေကို အစ္စရေးကရော ဟားမာ့စ်အဖွဲ့ကပါ သဘောမတူခဲ့တာကြောင့် ဘာသဘောတူညီမှုမှမရဘဲ ပြီးဆုံးခဲ့တယ်လို့ အီဂျစ် လုံခြုံရေး သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။

၁၀ လကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်ပွဲ အဆုံးသတ်စေရေး အမေရိကန် ဦးဆောင်တဲ့ နောက်ဆုံး ကြိုးပမ်းမှုဟာ သြဂုတ်၂၅ ရက်မှာ သဘောတူညီမှု မရဘဲ အဆုံးသတ်သွားခဲ့တာကြောင့် သံသယတွေ ပိုများလာတယ်လို့ အီဂျစ် လုံခြုံရေးအရာရှိ နှစ်ဦးက ပြောပါတယ်။

FILE PHOTO: Palestinians inspect damage in Qatari-funded Hamad City, following an Israeli raid, amid the ongoing conflict between Israel and Hamas, in Khan Younis, in the southern Gaza Strip, August 24, 2024. REUTERS/Hatem Khaled/File Photo

ဟားမာ့စ်အဖွဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လည် လွတ်မြောက်ရေး ဒါမှမဟုတ် ဂါဇာမှာ အစ္စရေးရဲ့ ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး သဘောတူညီချက် တစ်ရပ်ရဖို့ လပေါင်းများစွာကြာ ဆွေးနွေးခဲ့ပေမယ့် ဘာသဘောတူညီမှုမှ မရယူနိုင်ခဲ့ပါဘူး။

အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် အီဂျစ်၊ ကာတာတို့အပြင် အစ္စရေးနဲ့အတူ ဝါရှင်တန်အစိုးရက ကိုင်ရိုမှာ အသည်းအသန် ကြိုးစားနေဆဲ ဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က ကနေဒါနိုင်ငံ ဟာလီဖက်စ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးလည်း တက်ရောက်ပြီး အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ ကြားဝင် ညှိနှိုင်းပေးနေတဲ့ ဆွေးနွေးမှုတွေမှာ အဓိက အချက်တွေကို သဘောတူညီဖို့ ခက်ခဲနေပါတယ်။

ဟားမာ့စ်အဖွဲ့က ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ပါလက်စတိုင်းသားတွေအနေနဲ့ ပြန်လွှတ်ပေးချိန်မှာ ဂါဇာကနေ ထွက်ခွာသွားရမယ်လို့ အစ္စရေးက တောင်းဆိုခဲ့တဲ့အကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

အစ္စရေးက ဂါဇာရှိ စင်္ကြံန်တစ်ခုကနေ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးမယ်လို့ ကတိပေးခဲ့ပေမယ့် နောက်ကြောင်း ပြန်လှည့်သွားခဲ့တယ်လို့ ဟားမာ့စ်အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်မှာ မိမိတို့ သဘောတူထားခဲ့တဲ့ အခြေအနေတွေကနေ နောက်ဆုတ်တဲ့ ဆွေးနွေးမှုတွေကို မိမိတို့ လက်ခံမှာ မဟုတ်ဘူးလို့ ဟားမာ့စ်အဖွဲ့ အရာရှိ အိုစမာ ဟေဒတ်က ပြောပါတယ်။

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ရည်ရွယ်တဲ့ သဘောတူညီမှုရဲ့ ပထမအဆင့်ကို အကောင်အထည်ဖော်ပြီးနောက် စစ်သားတွေ အပါအဝင် အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ပေးရေး ဆွေးနွေးမှုတွေ စတင်ဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမာ့စ်က ပြီးခဲ့တဲ့ ဇူလိုင်လမှာ လက်ခံခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး အဆိုပြုချက်အတွက် မိမိတို့ရဲ့ တုံ့ပြန်မှုတွေကို ကြားဝင်ညှိနှိုင်းသူတွေဆီ တင်ပြထားတယ်လို့ ဟားမာ့စ် အရာရှိ ဟေဒက်က ပြောပါတယ်။

ဘယ်သဘောတူညီမှု မဆို အမြဲတမ်း အပစ်အခတ်ရပ်စဲရေး အကောင်အထည် ဖော်ရမှာ ဖြစ်ပြီး ဂါဇာကနေ အစ္စရေးတပ်တွေ အပြီးတိုင် ဆုတ်ခွာသွားရမှာ ဖြစ်ကြောင်း ဟားမာ့စ်အဖွဲ့က တောင်းဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.