အမှန်/အမှား

+++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့”ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး PDF တွေရှို့တာ”ဆိုပြီး ဝါဒဖြန့်သတင်းစာတွေနဲ့ စစ်တပ်လော်ဘီချန်နယ်တွေက သတင်းအမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာ၊မြန်မာ့အလင်းသတင်းစာနဲ့ စစ်တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဩဂုတ် ၆ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဒေသခံနေအိမ်တွေကို သြဂုတ် ၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ လွတ်လပ်သော သတင်းဌာန သံလွင်တိုင်းမ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအရှေ့ပိုင်းက ဒေသခံနေအိမ်တွေကို မီးတင်ရှို့နေတာကြောင့် နေအိမ်တွေ မီး လောင်နေတာကို အဝေးကနေမြင်တွေ့နေရတယ်လို့ ဒေသခံတွေကို မေးမြန်းကာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းယူ ဆောင်တာတွေ ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ သံလွင်တိုင်းမ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Than lwin timeသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=549187684338709&id=100077424451291&mibextid=oFDknk&rdid=4zNNbrxA9EDv96P7

Dawei watchသတင်းဌာနကဖော်ပြထားတဲ့လင့်

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.