အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့”နွားထိုးကြီး PDF ရဲဘော်တွေက ခရီးသည်ကားတွေကို သေနတ်နဲ့ခြိမ်းခြောက်ပြီး ဓါးပြတိုက်နေတယ်”လို့ စစ်တပ်လော်ဘီချန်နယ်တွေက သတင်းအမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇူလိုင် ၃၁ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေက လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို Myingyan District Army-4 Natogyi PDF က ဇူလိုင် ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။

နွားထိုးကြီးမြို့နယ်နဲ့ ဆက်စပ်လမ်းမပေါ်တွေမှာ ဇူလိုင် ၃၀ ရက်က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပြီး PDF ရဲဘော်တွေက အခုလို စစ်ဆေးမှုတွေ လုပ်တဲ့အခါမှာ ခရီးသွားကားတွေအနေနဲ့ ကားမောင်း ထွက်မပြေးဘဲ ကြည်ဖြူစွာ စီစစ်တာကို လက်ခံပေးကြဖို့ မေတ္တာရပ်ခံကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကားတွေကို မှန်ချမောင်းပေးဖို့ ၊ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပေးကြဖို့ တိုက် တွန်းတောင်းဆိုပြီး လက်နက်အားရဲ့ ထိရောက်မှုထက် စိတ်ဓာတ် စုပေါင်းအားက ပိုပြီးထိရောက်တာ ဖြစ်တဲ့အတွက် လုံခြုံရေးအတွက် ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Myingyan District Army-4 Natogyi PDF ရဲ့ ထုတ်ပြန်ချက်လင့်

https://www.facebook.com/story.php?story_fbid=122180906240156016&id=61554680489491&mibextid=oFDknk&rdid=JJxQsXfU8M6tFI4Y

PVTVNewsသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=843715941187640&id=100066477263515&mibextid=oFDknk&rdid=qU8SDUgJ1LigR6ur

The Irrawaddy englishသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=912243064264185&id=100064355002816&mibextid=oFDknk&rdid=gq718pAtIpsuPp6I

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.