လားရှိုး၊ ဩဂုတ် ၁
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ၃၆ ရက်တာကာလအတွင်း အရပ် သား စုစုပေါင်း ၁၃၃ ဦး သေဆုံးပြီး ၁၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ် ခတ်တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ TNLA က စွပ်စွဲထားပြီး စစ်ကောင်စီကတော့ တော်လှန် ရေးတပ်ဖွဲ့တွေရဲ့ ရှော့တိုက်ဒုံး ပစ်ခတ်မှုလို့ တုံ့ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအဖြစ် ဆင်နွှဲနေတဲ့ လားရှိုးတိုက်ပွဲအတွင်း အရပ်သားသောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဘုန်းကြီးကျောင်း၊စာသင်ကျောင်းနဲ့ နေအိမ်ပျက်စီးမှု ၁၀၀ ကျော် ရှိနေပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၉ ရက်နေ့ကလည်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့အတွင်းရှိ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးသုံးဦးသေဆုံးခဲ့ပြီး ဆိုင်ခန်းနဲ့ နေအိမ် ၁၅ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်တပ် MNDAA က လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပြီး အုပ်ချုပ်ရေးစနစ် အကောင်အထည် ဖော်တော့မယ်လို့ အသိပေးကြေညာထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းမှာ နောင်ချို၊ စဉ့်ကူး၊ မိုးမိတ်၊ မိုးကုတ်နဲ့ လားရှို့မြို့တို့ကို သိမ်းပိုက်ရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA