မိုးမိတ်၊ ဩဂုတ် ၁
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်ကောင်တပ်စခန်းအားလုံးကို ရှင်းလင်းသိမ်းပိုက်လိုက်ပြီလို့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းမှာ သ တင်းထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်၊ အမှတ် ၃၄၈ ခြေလျင်တပ်ရင်းနဲ့ မိုးမိတ်ဗျူဟာကုန်းတို့ကို ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။
အဲ့ဒီတိုက်အတွင်း မိုးမိတ်ဗျူဟာကုန်းနဲ့ ဒိုးပင်ရွာကို စစ်ကောင်စီလေတပ်ကနေ Y12 လေယာဉ်နဲ့ ဗုံး ၅၉ လုံး ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိတဲ့ အခြေ အနေတွေကိုတော့ TNLA က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အလားတူ နောင်ချိုမြို့နယ် ရွှေမုဠောရွာမှာလည်း အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရှမ်းမြောက်က နောင်ချို၊ မိုးမိတ်နဲ့ မန္တလေးတိုင်းက မိုးကုတ်၊ စဉ့်ကူးမြို့တွေကို TNLA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA