လားရှိုး၊ ဇူလိုင် ၂၅

စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အ ရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို ဇူလိုင် ၂၅ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ကြေညာပါတယ်။

ရမခစစ်ဌာနချုပ် သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် လားရှိုးမြို့ လုံးဝလွတ်မြောက်ကြောင်း MNDAA တပ်ရဲ့ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာလိုက်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ရမခစစ်ဌာနချုပ် သိမ်းပိုက်မှုဟာ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုမှာ သမိုင်း ဝင်အောင်ပွဲတစ်ခုဖြစ်တယ်လို့ ကိုးကန့်တပ် MNDAA က ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရမခစစ်ဌာနချုပ် သိမ်းပိုက်ခံရတဲ့သတင်းဟာ မှန်ကန်မှုမရှိကြောင်းနဲ့ စစ်ဌာနချုပ်အနီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတဲ့အ တွက် လိုက်လံရှင်းလင်းနေတာလို့ ဘီဘီစီသတင်းဌာနကို ဇူလိုင် ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ ဖြေဆိုထားပါတယ်။

ရမခစစ်ဌာနချုပ် သိမ်းပိုက်ခံရပါက တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိတဲ့ မြန်မာစစ်တပ်သမိုင်းမှာ တိုင်းစစ်ဌာနချုပ်တစ်ခု ပထမဆုံးကျဆုံးမှုအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း နောင်ချို၊ စဉ့်ကူး၊ မိုးကုတ်နဲ့ လားရှို့မြို့တို့ကို သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – The KoKang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.