ရန်ကုန်၊ ဇူလိုင် ၂၅

မကြာသေးခင်တုန်းက Forbes Advisor ကနေ ထုတ်ပြန်တဲ့ဆောင်းပါးတစ်ခုမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်ဟာ နိုင်ငံခြားသားများအတွက် အန္တရာယ်အရှိဆုံးမြို့ ၆၀ စာရင်းထဲ တတိယနေရာမှာရပ်တည်နေတာကိုတွေ့ရပါတယ်။

အခုလိုမျိုး အန္တရာယ်အရှိဆုံးမြို့စာရင်းကိုတော့ ခရီးသွားလာတဲ့နေရာမှာ ဘေးကင်းမှု၊ ရာဇဝတ်မှု အန္တရာယ်၊ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအန္တရာယ်၊ ကျန်းမာရေးရာ လုံခြုံရေးအန္တရာယ်နဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးအန္တရာယ်၊ သဘာဝဘေး အန္တရာယ်၊ ဒီဂျစ်တယ် လုံခြုံရေး အန္တရာယ် စတဲ့အချက် ၇ ချက်အပေါ် မူတည်ပြီးတွက်ချက်ထားတာလည်း ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံးမြို့အဖြစ် ဗင်နီဇွဲလားနိုင်ငံက ကရာကတ်စ်မြို့က ရပ်တည်နေပြီး အမှတ်ပေါင်း ၁၀၀ မှာ အမှတ်ပြည့်အနေနဲ့ ထိပ်ဆုံးကနေရှိနေတာပါ။ သူ့အနောက်မှာတော့ ပါကစ္စတန်နိုင်ငံက ကရာချိမြို့နဲ့ မြန်မာနိုင်ငံက ရန်ကုန်မြို့တို့ ရှိနေပါတယ်။ ထိပ်ဆုံး ၅ နိုင်ငံထဲမှာတော့ နိုင်ဂျီးယားနိုင်ငံက လာဂို့စ်မြို့နဲ့ ဖိလစ်ပိုင်နိုင်ငံက မနီလာမြို့တွေလည်း ပါဝင်နေပါတယ်။

မြန်မာတေွ အလာများတဲ့အပြင် နေထိုင်မှုတေွ တိုးများလာနေတဲ့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့ကတော့ ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး မြို့စာရင်းထဲ နံပါတ် ၃၀ နေရာမှာ ရပ်တည်နေပါတယ်။

စင်ကာပူမြို့တော်ကတော့ခရီးသွားတွေအတွက် ဘေးအကင်းဆုံးမြို့အဖြစ် သတ်မှတ်ခံထားရပြီး သူ့နောက်မှာ တိုကျို၊ တိုရွန်တို၊ ဆစ်ဒနီနဲ့ ဇူးရစ်မြို့တို့က အဆင်ဆင့် ရပ်တည်နေပါတယ်။

အရှေ့တောင်အာရှဒေသမှာတော့ စင်ကာပူနဲ့ ဘန်ကောက်တို့ပြီးရင် မလေးရှားနိုင်ငံက ကွာလာလမ်ပူ၊ ဗီယက်နမ်နိုင်ငံက ဟိုချီမင်းစီးတီးနဲ့ အင်ဒိုနီးရှားနိုင်ငံက ဂျာတာကာမြို့တို့ ရှိနေတယ်လို့ The Nation သတင်းမှာ ဖော်ပြထားပါတယ်။

Ref:thethaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.