အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” စဉ်ကူးမြို့ကို စစ်ကောင်စီတပ်က ပြန်သိမ်းပိုက်လိုက်တယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဖြန့်ချီနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV နဲ့ MOI အပါအဝင် စစ် တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဇူလိုင် ၂၁ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စဉ့်ကူးမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိထားတယ်လို့ မန္တလေး PDF က ဇူလိုင် ၂၀ ရက်မှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ တရားဝင်ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း ဇူလိုင် ၁၇ ရက်မှာ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး အပါအဝင် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့တယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းကိုမေးမြန်းကာ DVB သတင်းဌာနက ဖော် ပြထားပါတယ်။

စစ်ကောင်စီတပ်က ခမရ ၇၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်ဇင်၊ ခမရ ၇၀၈ က ဗိုလ်ကြီး ထက်ကျော်၊ ဗိုလ်ကြီး ဌေးလင်းကျော်၊ ဗိုလ်ကြီး ထွန်းနိုင်၊ ခလရ ၉၃ က ဗိုလ်ကြီး အေးကို၊ လက်ပန်းလှ နယ်မြေရဲစခန်းက ဒုရဲမှူး ကျော်မြင့်ဦးနဲ့ စဉ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေသိမ်းမောင်တို့ကို ဖမ်းဆီးရမိခဲ့တာလို့ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းက ဖမ်းဆီးရမိသူတွေရဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ထုတ်ပြန်ထားပါတယ်။

အမှတ် ၁၂၂၂တပ်ရင်း ထုတ်ပြန်ချက်လင့်

https://www.facebook.com/story.php?story_fbid=467332415939364&id=100079878274637&mibextid=oFDknk&rdid=RmkCLJOf3KZcDm93

DVBသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=892538029571241&id=100064451569209&mibextid=oFDknk&rdid=zEuuLzaZRNPqKA4A

BURMA VJသတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=887360080099349&id=100064760958738&mibextid=oFDknk&rdid=gl0x9EbEMRP299wn

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေး လိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.