တနင်္သာရီ၊ ဇူလိုင် ၂၃

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေထံက သိရပါတယ်။

တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကစလို့ ကျွန်းစုမြို့ နယ်ကနေ တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်တာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လမ်းတလျှောက် လက်နက်ကြီး၊ လက်နက်ငယ် အ ဆက်မပြတ်ပြီး ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် ဘယ်သစ်၊ ဝါရစ်၊ မင်းဂုတ်၊ မောင်းလှော်အပါ အဝင်ကျေးရွာခုနှစ်ရွာက ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရတာပါ။

အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တို့မှာ ကျောက်ပုဇွန်တောင်အနီး တိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့ပေမယ့် နှစ်ဖက်ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းအထိ ကျောက်ပုဇွန်တောင်အနီးမှာပဲ ဆက်ရှိနေတဲ့အတွက် နှစ်ဖက်စစ်ရေးဆက်လက် တင်းမာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ဆင်ခေါင်းကျေးရွာထဲကို စစ်ကောင်စီရဲ့ အ မှတ် ၅၆၁ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် ဒေသခံ အ မျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာတွေအရ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့လေကြောင်းရန်တွေကြောင့် အမြဲတမ်းစစ်ရှောင်နေရသူ ၇၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.