ပရီတိုးရီးယား၊ ဇူလိုင် ၂၀

မြန်မာနိုင်ငံအပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ သံသယရှိတဲ့ အစိုးရအဖွဲ့တွေဆီ လက်နက်ရောင်းချရေး ခွင့်ပြုထားတဲ့ ပါမစ်အားလုံးကို ဆိုင်းငံ့ပြီး ပြန်လည်သုံးသပ်ရေး တောင်အာဖရိက တရားရုံး တစ်ခုက ဇူလိုင် ၁၉ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။

လူ့အခွင့်အရေး ရှေ့နေတွေကို ကိုယ်စားပြုတဲ့ တောင်အာဖရိက ဥပဒေ စင်တာ SALC ရဲ့ ၂၀၂၂ ခုနှစ် အတွင်း လျှောက်ထားချက်အရ ပရီးတိုးရီးယားမြို့ရှိ အထက်တရားရုံးက အခုလိုမျိုး ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆီကို လက်နက်တွေ လွှဲပြောင်းပေးရေး အမျိုးသား လက်နက်ထိန်းချုပ်ရေး ကော်မတီက ခွင့်ပြုထားတဲ့ ပါမစ်တွေကို တရားရုံးက ဆိုင်းငံ့ခိုင်းထားပါတယ်။

တောင်အာဖရိက လက်နက်ထိန်းချုပ်ရေး ကော်မတီအနေနဲ့ အာဏာသိမ်းထားတဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေတဲ့ ၊ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေတဲ့ နိုင်ငံအုပ်ချုပ်သူတွေဆီ လက်နက်တွေ တင်ပို့ရေး ပါမစ်တွေကို ပြန်သုံးသပ်ပြီး ဖျက်သိမ်းပစ်ရမယ်လို့ တရားရုံးက ညွှန်ကြားထားပါတယ်။

တရားရုံးရဲ့ ညွှန်ကြားချက်ဟာ တောင်အာဖရိကမှာ လက်နက်ရောင်းဝယ်မှုအတွက် တာဝန်ခံမှု တာဝန်ယူမှုရှိရေး ဖန်တီးဖို့ အရေးပါတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ရှေ့နေများအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

People stand inside the International Court of Justice (ICJ) as judges hear a request for emergency measures to order Israel to stop its military actions in Gaza, in The Hague, Netherlands January 12, 2024. REUTERS/Thilo Schmuelgen

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက မြန်မာသို့ လက်နက် တင်ပို့မှုကို တောင်အာဖရိကက ဆိုင်းငံ့ထားခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တောင်အာဖရိကက မြန်မာနိုင်ငံသို့ ဒေါ်လာ ၁၁ ဒသမ ၉ သန်း တန်ဖိုးရှိ လက်နက်တွေ တင်ပို့ခဲ့ကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေကို ရက်ရက်စက်စက် နှိမ်နှင်းမှုကြောင့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်နိုင်ငံဆီ ထွက်ပြေးခဲ့ရပါတယ်။

စစ်တပ်ရဲ့ ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ တရားရုံးက လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.