အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ စစ်ကောင်စီမြန်မာနယ်ခြားစောင့်တပ်တွေ ထွက်ပြေးတာမရှိဘူး”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ချန်နယ်နဲ့ Ko Thet စတဲ့ တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဇူလိုင် ၁၁ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေပြင်းထန်နေပြီး မြန်မာနယ်ခြားစောင့်ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ရာကျော်ဟာ ဇူလိုင် ၁၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ခွဲ တက်ခ်နက်ဖ်ဘက်ကို ထွက်ပြေးကာ လာရောက်ခိုလှုံခဲ့တယ်လို့ RFAသတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တက်ခ်နက်ဖ်နယ်စပ် နေရာသုံးခုကို ဖြတ်သန်းဝင်ရောက်လာတာကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း RFAသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်သတင်းဌာနတချို့က တင်တဲ့ရုပ်သံဖိုင်ထဲမှာတော့ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံနယ် စပ်ဖြစ်တဲ့ နတ်မြစ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်လှေနှစ်စီးနဲ့အတူ မျောနေပြီး အဲ ဒီစက်လှေတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တားဆီးနေတာကို တွေ့ရပါတယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

RFAသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=898926082268795&id=100064542350311&mibextid=oFDknk&rdid=wIpjpzelKqnfRCFy

BBCသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

IRRAWADDY BURMESE သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=897200335786488&id=100064895881172&mibextid=oFDknk&rdid=0HgeIzo5IFjtmc1b

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.