အမှန်/အမှား
+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” မွန်ပြည်နယ် ရေးမြို့နယ်မှာ ကွမ်းခြံကနေ ပြန်လာတဲ့ အသက် ၅၀ အရွယ် အာယုတောင်ရွာသားတစ်ဦးကို စစ်ကောင်စီ ခမရ ၃၄၃ တပ်ရင်းက ပစ်သတ်မှုအပေါ် ရေးဘီးလူးအဖွဲ့ သတ်တယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ချန်နယ်နဲ့ Ko Thet စတဲ့ စစ်တပ်ဘော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဇူလိုင် ၈ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မွန်ပြည်နယ် ရေးမြို့နယ်မှာ စိုက်ခင်းကပြန်လာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ စစ်ကြောင်းက ပစ် ခတ်သတ်ဖြတ်ခဲ့သလို အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ထုတ်ဖော်ပြောပြချက်ကို လွတ်လပ်သော သတင်းဌာနတွက ဖော်ပြထားပါတယ်။

ရေးမြို့နယ် အာယုတောင်အခြေစိုက် ခမရ ၃၄၃ တပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး အာယုတောင်တဝိုက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင် စီတပ်သားတွေက ဇူလိုင် ၈ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်မှာ ခြံထဲကနေ ကွမ်းသီးခူးပြီး ပြန်လာတဲ့ အသက် ၅၀ ကျော်အရွယ် ဦးနိုင်ဝင်းကို ပစ်သတ်ခဲ့တာလို့ DVBသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ကွမ်းခြံက ပြန်လာတဲ့ အသက် ၅၀ အရွယ် အာယုတောင်ရွာသား ဦးနိုင်ဝင်းဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ လမ်းမှာတိုးပြီး ပစ်သတ်ခံရတာလို့ ရေးမြို့နယ် ဒေသကာကွယ်ရေး အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုရေးဘီးလူးကို မေးမြန်းကာ RFA သတင်းဌာနက ဖော်ပြထားပါတယ်။

DVBသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=885198003638577&id=100064451569209&mibextid=oFDknk&rdid=YCPFQScJ2xubl0QJ

RFAသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=898478965646840&id=100064542350311&mibextid=oFDknk&rdid=GVbUsDxAiP8ovCJq

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.