မော်လမြိုင်၊ ဇူလိုင် ၁၃

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီးနောက် အမည်မည်းစာရင်း Black List သွင်းခံထားရတဲ့ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်ပြန်ဝင်နိုင်တယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အမည်မည်းစာရင်းပါဝင်တဲ့ CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်စွန့်ခွာရတဲ့ အကြောင်းခြင်းအရာတွေအပေါ် မူတည်ပြီး ပယ်ဖျက်ဖြေလျှော့ပေးသွားမယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လိုတဲ့ CDM ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာဌာနတွေကို ဇူလိုင် ၁၅ ရက် နေ့ကစပြီး သတင်းပေးပို့ရမှာ ဖြစ်ပါတယ်။

CDM ဝန်ထမ်းတစ်ဦးက စစ်ကောင်စီဘက်က လုပ်ငန်းခွင်ပြန်ဝင်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်နေပေမယ့် ပြန်လည်ဝင်ရောက်ဖို့ မရှိကြောင်းနဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဝန်ထမ်းလိုအပ်ချက်နဲ့အတူ ကျွမ်းကျင်ဝန်ထမ်းတွေ ရှားပါလားတဲ့အတွက် CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ ၇ ကြိမ်ထက်မနည်း ကမ်းလှမ်းခဲ့ပေမယ့် မိသားစုစားဝတ်နေရေးကြောင့် ပြန်လည်ဝင် ရောက်သူ အနည်းငယ်သာ ရှိခဲ့တာပါ။

အမျိုးသားညီညွတ်ရေအစိုးရ NUG ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ CDM ပြုလုပ်ထားတဲ့ နိုင်ငံ့ဝန်ထမ်းပေါင်း သိန်းနဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.