ဘန်ကောက်၊ ဇူလိုင် ၁၃

မြန်မာစစ်တပ် လက်နက် ဝယ်ယူနိုင်ရေး အစိုးရအေဂျင်စီတွေနဲ့ အတူ ကူညီပေးခဲ့တယ်ဆိုတဲ့ ထိုင်းစီးပွားရေးဘဏ်တွေက အဲဒီလို ငွေလွှဲပြောင်းမှု မရှိစေရေး တားဆီးဖို့ ကတိပြုလိုက်ပါတယ်။

ဒီအတောအတွင်း ကြိုတင် တားဆီးကာကွယ်ရေး အစီအစဉ်တွေ မရှိတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

မြန်မာစစ်တပ်အနေနဲ့ လက်နက်တွေ ဝယ်ယူရမှာ ငွေလွှဲပြောင်းနိုင်ရေး ထိုင်းဘဏ်တွေက ကူညီပေးနေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာ ထွက်လာပြီးနောက် အမျိုးသား လုံခြုံရေးကော်မတီ၊ နယ်စပ်ရေးရာနဲ့ အမျိုးသား မဟာဗျူဟာနဲ့ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးဌာနတို့က ထိုင်းဘဏ်တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ အစိုးရအေဂျင်စီ ကိုယ်စားလှယ်တွေကို ဆင့်ခေါ်ပြီး မြန်မာစစ်တပ် လက်နက် ဝယ်ယူရာမှာ ကူညီပေးမှုတွေ ရပ်တန့်ဖို့ ညွှန်ကြားခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာစစ်တပ် လက်နက်တွေ ဝယ်ယူရာမှာ ထိုင်းဘဏ်တွေက ဒေါ်လာ သန်း ၆၀ လွှဲပြောင်းပေးရေး ကူညီခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ငွေလွှဲပြောင်းပေးမှု နှစ်ဆ မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲဒီလို ကူညီခဲ့တဲ့ ထိုင်းဘဏ်တွေနဲ့ သက်ဆိုင်ရာ အစိုးရ အေဂျင်စီတွေဟာ ငွေလွှဲပြောင်းပေးရေး ကူညီမိခဲ့တဲ့ အခြေအနေ အမှန်ကို မသိခဲ့ဘူးလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာ စစ်တပ်က လက်နက်တွေ ဝယ်ယူရာမှာ ငွေလွှဲပြောင်းနိုင်ရေး ထိုင်းဘဏ်တွေက ဆက်လက် ကူညီမှု မရှိစေရေး ထိုင်းဘဏ်တွေကို အသိပေးထားလိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်းဘဏ်တွေနဲ့ အစိုးရက အရေးယူဆောင်ရွက်မယ့် အစီအစဉ်တွေ မရှိသေးတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

Ref:PARCHATAI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.