ကော့ကရိတ်၊ ဇူလိုင် ၁၃

စစ်ကောင်စီရဲ့ နိုင်ငံအဆင့် အောင်ဇေယျစစ်ကြောင်း အတွဲလိုက်မစ်ဇိုင်းဒုံး ပစ်ခတ်မှုကြောင့် က လေးငယ်နှစ်ဦးအပါအဝင် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၂ လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အောင်ဇေယျစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က တိုက်ပွဲမရှိဘဲ KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ထီးမူထကျေးရွာထဲကို အတွဲလိုက်ဒုံး ၁၀ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။

အတွဲလိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် ထီးမူထကျေးရွာနေ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် ထီးမူထကျေးရွာက ဒေသခံနေအိမ် ၁၂ လုံး၊ ကား နှစ်စီးနဲ့ အိမ်တွင်းပစ္စည်းတွေလည်း ပျက်စီးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်ဟာ မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဒေသကို ပြန်လည်ထိန်းချုပ်စိုးမိုးနိုင်ရန်အ တွက် ပြီးခဲ့တဲ့ ဧပြီလကစပြီး နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

ဒါပေမဲ့ အောင်ဇေယျစစ်ကြောင်းဟာ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် သုံးလကျော်ကြာတဲ့အထိ သင်္ဃန်းညီနောင်ဒေသကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောနော်ရေတံခွန်အထက်နားနဲ့ ကော့ကရိတ်မြောက်ဘက်ခြမ်း ကျေးရွာတွေမှာ ဆက်ရှိနေပါတယ်။

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို အစွမ်းကုန်ရိုက်ချိုးသွားမှာဖြစ်တဲ့အတွက် အဲဒီစစ် ကြောင်းမှာပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ KNUထံ အလင်းဝင်ကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဌာနချုပ်က ဇူလိုင် ၅ ရက်နေ့မှာ သတိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.