နယူးယောက်၊ ဇူလိုင် ၁၂

စစ်ကောင်စီဟာ သူတို့ မထိန်းချုပ်နိုင်တော့တဲ့ နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးပမ်းနေပုံပေါ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က ဇူလိုင် ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဟာ ဖရိုဖရဲ ဖြစ်နေပြီး တရုတ်က ကြားဝင် ညှိနှိုင်းပေးထားတဲ့ အပစ်ခတ် ရပ်စဲရေး သဘောတူညီမှုတွေကလည်း ကြာရှည်မခံ ဖြစ်နေပါတယ်။

လက်ရှိမှာ မြန်မာ စစ်တပ်ဟာ နောက်ကောက်ကျနေပြီး စစ်သားတွေ ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဖက်ဆိုင်ရာ အဆောက်အဦးတွေကို လက်လွှတ်ပေးနေရပြီး နယ်မြေတွေ ဆုံးရှုံးနေပါတယ်လို့ ကုလသမဂ္ဂ အထူးကျွမ်းကျင်သူ တွမ် အန်ဒရူးက ထိုင်းနိုင်ငံ လုံခြုံရေး ဌာနသို့ ရှင်းလင်း ပြောကြားရာမှာ ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဟာ သူတို့ မထိန်းချုပ်နိုင်တော့တဲ့ နိုင်ငံကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေသလို ဖြစ်နေပါတယ်လို့ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးက ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ စစ်ရှုံးမှုအတွက် အရပ်သားတွေကို တိုက်ခိုက်နေကြောင်း ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ခိုက်မှု ပိုများလာကြောင်း သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ ရှုံးနိမ့်မှုတွေအတွက် အရပ်သားတွေကို အငြိုးတကြီး တိုက်ခိုက်နေပြီး အထူးသဖြင့် သူတို့ လက်လွှတ် ပေးလိုက်ရတဲ့ နယ်မြေတွေကို တိုက်ခိုက်မှု ပိုလုပ်လာနေတယ်လို့ တွမ် အန်ဒရူးက ပြောပါတယ်။

လက်ရှိ အခြေအနေအရ စစ်ကောင်စီဟာ နေပြည်တော်နဲ့ မြို့ကြီးတွေ လောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး အခြားဒေသတွေမှာ ရှုံးပြီးရင်း ရှုံးနိမ့်နေပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ကြီးမားတဲ့ ထိုးဖောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ စစ်ကောင်စီက မန္တလေးမှာ ခံစစ်အနေအထားနဲ့ အင်အားစုစည်းနေတယ်လို့ ဆိုပါတယ်။

Ref:DailyStar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.