July 12, 2024

စစ်အာဏာသိမ်း (၁၂၅၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၉၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၃ AAPP ရဲ့ ဇူလိုင် ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၅၈) ရက်အတွင်း ပြည်သူ (၅၃၉၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဘဏ်ငွေထုတ်ယူမှု အခက်အခဲကြောင့် မွန်ပြည်နယ်မှာ ရော်ဘာအရောင်းအဝယ်ရပ်တန့်

မော်လမြိုင် ၊ ဇူလိုင် ၁၃ မွန်ပြည်နယ်အတွင်း ဘဏ်တွေမှာ ငွေသားထုတ်ပေးမှု ကန့်သတ်ချက်တွေနဲ့အတူ ငွေထုတ်ယူမှု အခက်အခဲတွေကြောင့် ရော်ဘာအရောင်းအဝယ် ရပ်တန့်သွားပြီလို့ ရော်ဘာရောင်းဝယ်ရေး လုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းက ပုဂ္ဂလိကဘဏ် ၇ ခုကို စစ်ကောင်စီဘက်က အရေးယူပြီးနောက် ဘဏ်တွေမှာ ငွေထုတ်ယူသူတွေ များပြားလာပြီး ဘဏ်တွေကနေ ငွေသားထုတ်ပေးမှု ကန့်သတ်လာတာကြောင့် ရော်ဘာရောင်းဝယ်ရေး…

စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီနဲ့ ပူးပေါင်းသွားတဲ့ မွန်တိုးတက်ရေးပါတီ

မော်လမြိုင် ၊ ဇူလိုင် ၁၃ မွန်လူထုတွေရဲ့ ထောက်ခံမှုရရှိခဲ့တဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ကရင်ပြည်နယ်အခြေစိုက် မွန်တိုးတက်ရေးပါတီဟာ ပါတီမှတ်ပုံတင်ကျပြီးနောက် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာခဲ့ပါတယ်။ အချက်အလက်အနေနဲ့ ကြံ့ခိုင်ရေးပါတီကနေ ဦးဆောင်ပြီး လက်ရှိစစ်ကောင်စီရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေအပါအဝင် နိုင်ငံတကာပိတ်ဆို့အရေးယူမှုအပေါ် နိုင်ငံရေးပါတီ ၂၀ ကျော်နဲ့ ပူးတွဲထုတ်ပြန်ထားတဲ့ ကြေညာချက်တွေက သက်သေပြနေပါတယ်။ အဲဒီကြေညာချက်တွေထဲမှာ မေနှောင်းပိုင်းကစပြီး ဇွန်လဆန်းနဲ့…

ဇွန်လအတွင်း အမျိုးသမီးအယောက် ၇၀ နီးပါး သတ်ဖြတ်ခံရ

မော်လမြိုင် ၊ ဇူလိုင် ၁၃ အာဏာသိမ်းစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေခြင်းကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း နိုင်ငံတဝန်းရှိ အမျိုးသမီး အယောက် ၇၀ နီးပါး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဇူလိုင် ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးခဲ့ရသူတွေဟာ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄၄ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၆ ဦး၊…

အောင်ဇေယျစစ်ကြောင်း အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် အရပ်သားသုံးဦးဒဏ်ရာရ၊ နေအိမ် ၁၂ လုံးပျက်စီး

ကော့ကရိတ်၊ ဇူလိုင် ၁၃ စစ်ကောင်စီရဲ့ နိုင်ငံအဆင့် အောင်ဇေယျစစ်ကြောင်း အတွဲလိုက်မစ်ဇိုင်းဒုံး ပစ်ခတ်မှုကြောင့် က လေးငယ်နှစ်ဦးအပါအဝင် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၂ လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောင်ဇေယျစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က တိုက်ပွဲမရှိဘဲ KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့…

မင်းဘူး-အမ်းလမ်းပိုင်းမှာ တပ်အပြောင်းအရွှေ့လုပ်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ငါးဦးသေဆုံးပြီး ထွက်ပြေးသူများလည်းရှိ

မကွေး၊ ဇူလိုင် ၁၂ မကွေးတိုင်း၊ ငဖဲမြို့နယ် မင်းဘူး-အမ်းလမ်းပိုင်းမှာ တပ်အပြောင်းအရွှေ့လုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-ASHO) က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်မှာ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်းကနေ အပြောင်းအရွှေ့လုပ်မယ့် စစ်ကောင်စီတပ်သားတွေကို မှိန်းစိမ်းရွာအနီးမှာ ချင်းကာကွယ်ရေးတပ်-အရှို နဲ့ ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) တို့က ချုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ…

ရေဖြူမှာ အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရလို့သေဆုံး

ရေဖြူ၊ ဇူလိုင် ၁၂ တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၇ ခြေမြန်တပ်ရင်းကနေထွက်လာတဲ့ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ခမရ ၄၀၇ တပ်ရင်းမှ ဟိုက်ဂျက်ကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားကို အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ…

စစ်ကောင်စီကိုယ်တိုင် နိုင်ငံကို ဖျက်ဆီးနေပြီလို့ ကုလအထူးကိုယ်စားလှယ် ပြော

နယူးယောက်၊ ဇူလိုင် ၁၂ စစ်ကောင်စီဟာ သူတို့ မထိန်းချုပ်နိုင်တော့တဲ့ နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးပမ်းနေပုံပေါ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က ဇူလိုင် ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဟာ ဖရိုဖရဲ ဖြစ်နေပြီး တရုတ်က ကြားဝင် ညှိနှိုင်းပေးထားတဲ့ အပစ်ခတ် ရပ်စဲရေး…

မြောက်ကိုရီးယား ဒရုန်းတွေ ပစ်ချဖို့ တောင်ကိုရီးယားက လေဆာလက်နက်တွေ စချတော့မယ်

ဆိုးလ်၊ ဇူလိုင် ၁၂ နယ်စပ်ဒေသမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာတွေ ဖြစ်လာပြီးနောက် မြောက်ကိုရီးယား ဒရုန်းတွေကို ကြားဖြတ်ပစ်ချဖို့ တီထွင်ထားတဲ့ လေဆာလက်နက်တွေ စတင်ချထားတော့မယ်လို့ တောင်ကိုရီးယားက ဇူလိုင် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။ အခုနှစ် နှစ်ကုန်ပိုင်းမှာ Block-I လို့ နာမည်ပေးထားတဲ့ လေဆာလက်နက် တစ်ခုကို ချထားမှာ ဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း ထပ်မံ ချထားဖို့ရှိတဲ့အကြောင်း…

အာဏာသိမ်းပြီးနောက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသမှာ စစ်ကောင်စီက ဘာတွေကျူးလွန်နေလဲ။

“လူတွေနေတဲ့ ပရဝုဏ် အိမ်ခြေတွေထဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာ ဖြစ်တဲ့အတွက်ကြောင့် ခြေ၊ လက်အင်္ဂါ ချို့ယွင်း ဆုံးရှုံးကုန်ကြတဲ့အတွက် နောက်ပြန်ပြီး နာလန်မထူနိုင်တဲ့ အနေအထား ထိရောက်ကြတယ်။ အဲဒီအထဲမှာဆိုရင် အမျိုးသမီးတွေ ကလေးသူငယ်တွေလည်း ပါပါတယ်” နိုင်အိုင်းမွန် (HURFOM) မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတောင်ပိုင်း မွန်၊ ကရင်နဲ့ တနင်္သာရီဒေသက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ်…