အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” နောင်ချိုမြို့ရှိ စစ်ကောင်စီရဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို ပြန်သိမ်းနိုင်တယ် “ဆိုပြီး စစ်တပ်လော်ဘီတွေက ဝါဒဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ချန်နယ်နဲ့ Ko Thet အပါအဝင် စစ်တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဇူလိုင် ၁၀ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ နောင်ချိုမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ သိမ်းယူခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

နောင်ချိုအခြေစိုက် အမှတ် ၆၀၆ ဒုံးတပ်ရင်းကို ရက်သတ္တ ၂ပတ်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ကြောင်း TNLA ပြန်ကြားရေးတာ ဝန်ခံ လွေးယေဦးက VOA သတင်းဌာနကို အတည်ပြုပြော ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်းအား သိမ်းပိုက်ပြီးနောက် မြို့တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီလုံးဝကင်းစင်တဲ့ မြို့ နယ်တစ်ခု ဖြစ်လာတယ်လို့ RFA သတင်းဌာနကလည်း ဖော်ပြပါတယ်။

TNLA ထုတ်ပြန်ချက်လင့်

https://t.me/taangtv2023/2865?fbclid=IwZXh0bgNhZW0CMTAAAR1SbhlHoZJt49kTAtGp_150ZhAN9S0xGUFl8zJZ4RBrDp01NfewsUuQ81I_aem_k4z7mZVxBj1zjlREs7slXA

VOA သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=897000005788689&id=100064360947018&mibextid=oFDknk&rdid=VXarjZPRykTFKeWP

RFA သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=897889219039148&id=100064542350311&mibextid=oFDknk&rdid=yZ4kbCuyhkKXxsAR

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.