မိုးမိတ်၊ ဇူလိုင် ၉

မန္တလေးတိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၈ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းမှာ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနဲ့ လယ်ကြီးစခန်းတို့ကို အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နောင်ချို၊ သီပေါနဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးအပါအ ဝင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ TNLA က ဆိုပါတယ်။

တကျော့ပြန် စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက မြို့နယ်တွေမှာ ညီ နောင်မဟာမိတ်သုံးဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေက မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်း မြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၇၀ ကျော်ကို ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.