၂၀၂၃ ခုနှစ် မတ်လအတွင်းက ကင်းပွန်းခြုံရွာမီးရှို့ခံခဲ့ရစဉ်။

မကွေး၊ ဇူလိုင် ၉

မကွေးတိုင်း စလင်းမြို့နယ်ရှိ ခင်ဗလူကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက် နံနက်ပိုင်းမှာ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တာဖြစ်ပြီး အဲဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ရွာကိုမီးရှို့သွားတာလို့ သိရပါတယ်။

“လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်လို့ ဘေးလွတ်ရာကိုအရင်ရှောင်ရတယ်။ ပြီးမှ ရွာထဲဝင်ရှို့သွားတာ။ တစ်ရွာလုံး မီးလောင်နေတယ်လို့တောင်ထင်ရတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ခင်ဗလူကျေးရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့လို့နေအိမ် ၈၀ ကျော်မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ မေလကစလို့ စလင်းမြို့နယ်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

စစ်​ကောင်စီတပ်သားတွေရဲ့ မီးရှို့မှုကြောင့် စလင်းနဲ့ စေတုတ္တရာတဝိုက်က ကင်ပွန်းခြုံ၊ ကျွဲဦး၊ ခင်ပလူ၊ လုံးကြီး စတဲ့ကျေးရွာတွေက အိမ်တွေဟာ မီးလောင် ပျက်စီးခဲ့ရပြီးဖြစ်ပါတယ်။

အဲဒီဒေသမှာ စစ်ကောင်စီစစ်ကြောင်းတွေလည်း နေ့စဉ်နီးပါးရှိနေတာကြောင့် စလင်းမြို့နယ်က ကျေးရွာ ၆ ရွာကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရပြီး အနည်းဆုံး စစ်ဘေးရှောင် ၁၅၀၀ ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Salin PDF
ပုံစာ – ၂၀၂၃ ခုနှစ် မတ်လအတွင်းက ကင်းပုံခြုံရွာမီးရှို့ခံခဲ့ရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.