အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” ကျောက်မဲမြို့ One Love Hotel ကို စစ်ကောင်စီတပ် ဗုံးကြဲမှုမှာ ဒေသခံအရပ်သားတွေ သေဆုံးရမှုအပေါ် တော်လှန်ရေးသ မားတွေ သေဆုံးကြောင်း စစ်တပ်လော်ဘီချန်နယ်တွေက ဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ချန်နယ်နဲ့ Ko Thet စတဲ့ တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဇွန် ၃၀ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ဇွန် ၃၀ ရက် ညသန်ခေါင်းယံ ၁၂နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်က ကျောက်မဲမြို့ One Love Hotel အနီး ဂျက်ဖိုက်တာနဲ့ ပေါင် 500 ဗုံးလာရောက်ကြဲချခဲ့တာကြောင့် One Love Hotel ၊ ပင်လုံလမ်းမအနီးက ကမ္ဘောဇ ရှမ်းဘုန်းကြီးကျောင်းဆောင်နဲ့ ဒေသခံနေ အိမ် ၂၀ နီးပါး ပျက်စီးခဲ့တယ်လို့ မောင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

DVB သတင်းဌာနမှာတော့ “One Love Hotel မှာ ညသန်းခေါင် လေ ယာဉ်ဗုံးကြဲလို့ မီးလောင်သွားပြီး ဘေးအိမ်လည်းပြိုကျပြီး တခြားအိမ်တချို့လည်းထိခိုက် ပျက်စီးသွားတယ်”လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို ဖော်ပြထားပါတယ်။

TNLA ထုတ်ပြန်ချက်လင့်

https://t.me/taangtv2023/2695?fbclid=IwZXh0bgNhZW0CMTAAAR3oQp_QFA9_C9SfqHmvad-LEy7MaGl7XF2Yn14dPmbCdotEEV8TKiKE-Ow_aem_-gAGsZFMUX4MGAvpeqXzwQ

DVBသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://burmese.dvb.no/post/658494?fbclid=IwZXh0bgNhZW0CMTAAAR2koSa4xGxioAGl2GIIYlSfrdt8mDI-Yb3tkcVks99t-5ZCW6da_kdzwtA_aem_FLFa_5sa2xeOM8e-7R43Pg

မောင်းသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=873231578166092&id=100064377741377&mibextid=oFDknk&rdid=768zTIMtNLr209Ym

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.