အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူတာကို PDF တွေ မိုင်းထောင် တိုက်ခိုက်လို့ဆိုပြီး စစ်ကောင်စီဘက်က ဝါဒဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇွန် ၁၉ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာ တော် ပျံလွန်တော်မူခဲ့ရတာလို့ ကန်သုံးဆင့်ဆရာတော် မိန့်ကြားထားပါတယ်။

ပစ်ခတ်ခံရချိန်မှာ အတူရှိနေခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ကြီးကလည်း ပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြစ်စဉ်မှန်ကို ဝင်းနိမ္မိတာရုံကျောင်းတိုက်အတွင်းက ဆရာတော်နဲ့ သံဃာတော်တွေအား သြဝါဒမိန့်ကြားခဲ့ကြောင်း BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနဲ့ မင်္ဂလာဒုံမြို့နယ် ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ နှစ်ပါးဟာ ဇွန် ၁၉ ရက်က မန္တလေး ရွှေကျင်နိကာယ ဗဟိုဌာန အစည်းအဝေး အကြိုညှိနှိုင်း ဆောင်ရွက်ဖို့ ရန်ကုန်မြို့မှ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာတာပါ။ အဲဒီကနေ ကန်သုံးဆင့်ဆရာတော် ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့သွား ရောက်စဉ် စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဆရာတော် ပျံလွန်ခဲ့တာဖြစ်တယ်လို့ DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူပြီး ဆရာတော်တစ်ပါးနဲ့ လူပုဂ္ဂိုလ်တစ်ဦး ဒဏ်ရာရတဲ့ဖြစ်စဉ်ကို အမှန်တိုင်း စာထုတ်ခဲ့တဲ့ တိုင်းသာသနာရေးဦးစီးမှူးကို ဇွန် ၁၉ ရက်နေ့ ညမှာ စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီမေးမြန်းကာ DVB သတင်းဌာနက ဖော်ပြထားပါတယ်။

DVB သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=871857594972618&id=100064451569209&mibextid=oFDknk&rdid=Q9Zng0zkAuDaQXmO

BBCသတင်းဌာနမှာ ဖော်ပြထားတဲ့ လင့်

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.