အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့”ပဲခူးတိုင်း သနပ်ပင်မြို့နယ် ကျီးပင်စုရွာက လောင်းက စားဝိုင်းကို PDF တွေ ဝင်ရောက်လုယူကာ ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇွန် ၁၆ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ပဲခူးတိုင်း သနပ်ပင်မြို့နယ် ကျီးပင်စုရွာ ပြည်သူ့စစ်ခေါင်းဆောင် ရဲမင်းထွန်းဆိုသူ ဦးဆောင်ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဒေသခံတွေ တိုင်ကြားလာတာကြောင့် ဇွန် ၁၆ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

DVB သတင်းဌာနမှာတော့ နယ်မြေခံ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျပ်သိန်း ၂၀၀ ပေးထားပြီး စစ်ကောင်စီနဲ့ပျူစောထီးတွေက လုံခြုံရေးယူထားကာ လောင်းကစားဝိုင်း ပြုလုပ်ခွင့်ရထားတာဖြစ်ပြီး ဒေသခံတွေ တိုင်ကြားလာတာကြောင့် ဝင်ရောက်ရှင်းလင်းရတာလို့ သနပ်ပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကို မေးမြန်းကာ ဖော်ပြထားပါတယ်။

DVBသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://burmese.dvb.no/post/656665?fbclid=IwZXh0bgNhZW0CMTAAAR0O67ki3mUh8gZLVNUEx1Gda-l05S2fWPtyt5cjSte2nXsizZ5oC6c6ybU_aem_ZmFrZWR1bW15MTZieXRlcw

Myaelattathanသတင်းဌာနမှာ ဖော်ပြထားတဲ့ လင့်

https://myaelattathan.org/articles/%E1%80%85%E1%80%85%E1%80%BA%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%85%E1%80%AF%E1%80%80%E1%80%9C%E1%80%AF%E1%80%B6%E1%80%81%E1%80%BC%E1%80%AF%E1%80%B6%E1%80%9B%E1%80%B1%E1%80%B8%E1%80%95%E1%80%B1%E1%80%B8%E1%80%94%E1%80%B1%E1%80%90%E1%80%B2%E1%80%B7%E1%80%9C%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%AD%E1%80%AF_PDF%E1%80%80%E1%80%9D%E1%80%84%E1%80%BA%E1%80%96%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AE%E1%80%B8_%E1%80%95%E1%80%85%E1%80%BA%E1%80%81%E1%80%90%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%96%E1%80%BC%E1%80%85%E1%80%BA?fbclid=IwZXh0bgNhZW0CMTAAAR1ngo2DW5wMaYjyB_MVKQVE7t46zBGZ4yEutwNrOLm_FnjrvXLlpMs0FSM_aem_ZmFrZWR1bW15MTZieXRlcw

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.