June 18, 2024

စစ်အာဏာသိမ်း (၁၂၃၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၈၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၁၉ AAPP ရဲ့ ဇွန် ၁၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၃၄) ရက်အတွင်း ပြည်သူ (၅၂၈၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၈၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၇၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာ

မော်လမြိုင် ၊ ဇွန် ၁၉ မွန်ပြည်နယ်မှာ အခုလ ဇွန်လပထမအပတ်ကစပြီး ကလေးငယ်တွေ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာတဲ့အတွက် မိဘတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ ဆရာဝန်တွေက သတိပေးတိုက် တွန်းလိုက်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ တစ်နှစ်ပတ်လုံး ဖြစ်ပွားတက်တဲ့ ကူးစက်ရောဂါဖြစ်ပေမယ့် ပြည် နယ်အတွင်းမှာ ဇွန်လဒုတိယပတ်အတွင်း ရောဂါဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာခဲ့တာပါ။ လတ်တလော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ ကလေးငယ်တွေမှာ ရောဂါပြင်းထန်မှုနဲ့…

ထောင်ပြောင်းခံရတဲ့ ကျိုက်မရောထောင်က အကျဉ်းသူတွေ ရိုက်နှက်နှိပ်စက်ခံရ

ကျိုက်မရော၊ ဇွန် ၁၉ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်ကနေ ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်ထံ ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် တခြားအကျဉ်းသူတွေ ရိုက်နက်နှိပ်စက်ခံရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ ထောင်ဆူပူမှုဖြစ်ပြီးနောက် ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၆၀ ကျော်ဟာ…

ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဆက်တိုက်ဖမ်းဆီးခံရ

မြဝတီ၊ ဇွန် ၁၉ ထိုင်း-မြန်မာ နယ်စပ်ကနေတဆင့် ထိုင်းနိုင်ငံထဲကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ဆက်တိုက်ဖမ်းဆီးခံနေရပြီး ဖမ်းဆီးရမိထားတဲ့သူတွေကို အရေးယူသွားမယ်လို့ ထိုင်းသတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ အခုလ ဇွန်လအတွင်းမှာ ထိုင်း-မြန်မာနယ်စပ်တွေဖြစ်ကြတဲ့ မဲဆောက်-မြဝတီ နယ်စပ်၊ ဘုရားသုံးဆူ-စံခရာဘူရီနယ်စပ်စတဲ့ နယ်စပ်တွေကနေတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတဲ့အကြောင်း ထိုင်းသတင်းရင်းမြစ်တွေက ထုတ်ပြန်ထားပါတယ်။…

စုကလိစစ်ဆင်ရေးခြေကုတ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

မြဝတီ၊ ဇွန် ၁၈ ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်ရဲ့ စုကလိစစ်ဆင်ရေးခြေကုတ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က ဒီကနေ့ ဇွန် ၁၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ စုကလိဒေသရှိ စစ်ကောင်စီတပ်ရဲ့ စုကလိစစ်ဆင်ရေးခြေကုတ်စခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းတွေကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာ စခန်းကို အပြီးသတ်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တာပါ။…

တနင်္သာရီအခြေစိုက် ကျောက်ကြီးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီ၊ ဇွန် ၁၉ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် အောင်သာဝရစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် အဲဒီစခန်းနဲ့ ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက်ကြီးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ တပ်အင်အား ၆၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အောင်သာဝရစခန်းကို ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့မှာကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက်…

ထိုင်းမှာ လိင်တူ လက်ထပ်ခွင့် တရားဝင် ခွင့်ပြုတော့မယ်

ဘန်ကောက်၊ ဇွန် ၁၈ လိင်တူထိမ်းမြားလက်ထပ်ခွင့်ကို ခွင့်ပြုရေး ထိုင်းလွှတ်တော်အမတ်တွေ ဇွန် ၁၈ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့တာကြောင့် အရှေ့တောင်အာရှမှာ ထိုင်းဟာ လိင်တူထိမ်းမြား လက်ထပ်ခွင့် တရားဝင်ခွင့်ပြုတဲ့ ပထမဆုံး နိုင်ငံဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီဥပဒေကို အထက်လွှတ်တော်က ခွင့်ပြုမယ်လို့ မျှော်လင့်ရပြီး လွှတ်တော်ရဲ့ ခွင့်ပြုချက် ရပြီးနောက် ဘုရင်ရဲ့ ခွင့်ပြုချက် ရယူရမှာ ဖြစ်တယ်လို့ ဘုရင့်နန်းတော်သတင်းဌာနက…

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားသမ္မတ ပူတင် မြောက်ကိုရီးယားသို့ သွားရောက်

ပြုံယမ်း၊ ဇွန် ၁၈ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားသို့ ဇွန် ၁၈ ရက်နေ့မှာ ရောက်ရှိလာပါတယ်။ သမ္မတ ပူတင်ဟာ မြို့တော် ပြုံးယမ်းမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ရုရှား အရှေ့ဖက်စွန်းရှိ ဗော့စတိုချီနီ အာကာသစင်တာမှာ…

ရွှေကျင်မှာ လက်နက်ကြီးကျလို့ ဒေသခံ ၂ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

ရွှေကျင်၊ ဇွန် ၁၈ ပဲခူးတိုင်း ရွှေကျင်မြို့နယ် ရေဖြူအိုင်နဲ့ကဇင်းပင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ မနက် ၄ နာရီခွဲအချိန်ခန့်မှာ ညောင်လေးပင်အခြေစိုက် အမှတ် ၂၀…

ကျိုက်ထိုမှာ လူမှုကူညီရေးအသင်းဝင်တွေအပါအဝင် ဒေသခံ ၈ ဦး ဖမ်းဆီးခံရ

ကျိုက်ထို၊ ဇွန် ၁၈ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်နဲ့ လူမှုကူညီရေးအသင်းဝင်တွေအပါအဝင် ဒေသခံ ၈ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မိ သားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ သူတို့တွေကိုတော့ စစ်ကောင်တပ်က ဇွန် ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တို့မှာ နေအိမ်တွေအတွင်း အင် အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ…