June 13, 2024

စစ်အာဏာသိမ်း (၁၂၂၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂ ၇၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၁၄ AAPP ရဲ့ ဇွန် ၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၂၉) ရက်အတွင်း ပြည်သူ (၅၂၇၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၆၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၆၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ် စစ်ရေးပြင်ဆင်မှုတိုးမြှင့်

မော်လမြိုင် ၊ ဇွန် ၁၄ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင် စီတပ်ဟာ မွန်ပြည်နယ်မှာ နယ်မြေဆုံးရှုံးမှုမရှိရေးအတွက် စစ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ တာဝန်ရှိတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သထုံ၊ကျိုက်ထို၊ဘီးလင်း၊ကျိုက်မရောနဲ့ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ ရေးမြို့ နယ်တို့မှာ လက်နက်ကိုင်တော် လှန်ရေးလှုပ်ရှားမှုတွေ အားကောင်းတဲ့ဒေသတွေပါ။ အဲဒီထဲက…

ကျိုက်မရောထောင်မှာ ထောင်ဆူပူမှုဖြစ်ပြီးနောက် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ကျိုက်မရော ၊ ဇွန် ၁၄ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထောင်ဆူပူမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၁၂ ရက်နေ့ ညနေပိုင်းက ကျိုက်မရောထောင်မှာ အကျဉ်းသားတစ်ဦးကို ထောင်အာဏာပိုင်တွေက နှစ်ထပ်အမြင့် အဆောက်အဦးတစ်ခုအား ဝရိန်ဆော်ခိုင်းရာကနေ မိုးရွာသွန်းခဲ့တဲ့အတွက် ဓာတ်လိုက်ပြီးပြုတ်ကျမှု ဖြစ်ပွားခဲ့တာပါ။ အဲဒီနောက် ဓာတ်လိုက်ပြုတ်ကျပြီး…

ရေဖြူမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာသုံးရွာက ဒေသ ခံနေအိမ်တွေ ဖောက်ထွင်းခံရ

ရေဖြူ၊ ဇွန် ၁၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးရွာသစ်၊ ရာဖူးရွာဟောင်းနဲ့သာယာမွန်ကျေးရွာတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တပ်အင်အား ၄၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ကစပြီး ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော် လှန်ရေးအင်အားစု…

တနင်္သာရီမြို့နယ် တကူရွာကို တိုက်ပွဲမရှိဘဲ စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲ

တနင်္သာရီ၊ ဇွန် ၁၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီနေ့ ဇွန် ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ Mi 2 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ တကူကျေးရွာထဲကို ဗုံးသီးအလုံး ၂၀ နီးပါး ကြဲချတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့်…

နိုင်ငံတဝန်းရှိ ရုပ်သိမ်းထားတဲ့ ရဲဘက်စခန်းတွေကို ပြန်လည်စတင်ဖို့ စစ်ကောင်စီ စီစဉ်နေ

မော်လမြိုင်၊ ဇွန် ၁၃ နိုင်ငံတဝန်းလုံးမှာ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရုပ်သိမ်းထားတဲ့ ရဲဘက်စခန်းတွေကိုပြန်လည်စတင်ဖို့ စစ်ကောင်စီ စီစဉ်နေတယ်လို့ ထောင်ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက​ သံလွင်တိုင်းမ်ကိုပြောပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အဲဒီရဲဘက်စခန်းတချို့ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာခဲ့တဲ့ လုံခြုံရေးအခြေအနေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရုပ်သိမ်းထားရာကနေ အခုအချိန်မှာတော့ ပြန်လည်စတင်တော့မှာလည်းဖြစ်ပါတယ်။ “အရင်က လုံခြုံရေးကြောင့်ရော တိုက်ပွဲတွေဖြစ်နေတာကြောင့်ရောရဲဘက်စခန်းတွေကိုပြန်ခေါ်ထားတာ။ ရုပ်သိမ်းထားတာပေါ့။ အဲဒီကနေ အခုတော့ ပြန်ပြီး နှစ်ကြီးသမားတွေကိုပို့တော့မယ်ကြားတယ်။”လို့ ထောင်ဝန်ထမ်းတွေနဲ့…

မြောက်ကိုရီးယားသို့ ငွေလွှဲပို့မှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယား အတိုက်အခံ ခေါင်းဆောင် စွဲချက်တင်ခံရ

ဆိုးလ်၊ ဇွန် ၁၃ တောင်ကိုရီးယားနိုင်ငံက အဓိကအတိုက်အခံ ခေါင်းဆောင် လီဂျေးမြောင်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူနေစဉ်ကာလအတွင်း မြောက်ကိုရီးယားသို့ ငွေလွှဲပို့ရေးအတွက် အတွင်းခံ ဘောင်းဘီ ကုမ္ပဏီတစ်ခုကို အသုံးပြုခဲ့တယ်ဆိုတဲ့ လိမ်လည်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ပြုံးယမ်းသို့ သွားရောက်ခဲ့မှုတို့နဲ့ ပတ်သက်ပြီး ဇွန် ၁၂ ရက်နေ့မှာစွဲချက်တင်ခံလိုက်ရပါတယ်။ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေးမြောင် ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်နေချိန်မှာ သူ့ရဲ့…

ထိုင်းဝန်ကြီးချုပ် ထုတ်ပယ်ရေးအမှု လာမယ့်အပတ်အတွင်း ကြားနာဖို့ရှိ

ဘန်ကောက်၊ ဇွန် ၁၃ ထိုင်းဝန်ကြီးချုပ် ထုတ်ပယ်ခံရတဲ့ အခြေအနေအထိ ဦးတည်သွားစေနိုင်တဲ့ အမှုတစ်ခု အပါအဝင် နိုင်ငံရေးအရ စွဲချက်တင်ထားတဲ့ အမှုသုံးမှုကို တရားရုံးတွေက လာမယ့်သီတင်းပတ်အတွင်း ကြားနာစစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းမှာ အစိုးရအဖွဲ့ မတည်ငြိမ်ဖြစ်နိုင်ခြပိုများလာနေပါတယ်။ ဇွန် ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ်မှာ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ် ဆရီသာ သာဗီဆင်အပေါ်…

တနင်္သာရီတိုင်းက စစ်ဘေးရှောင်တွေရဲ့ အခက်အခဲ ဆက်သွယ်မေးမြန်းချက်

ဆီတစ်ဘူး ၃၅၀၀ တန်နဲ့ ၂၅၀၀ တန်တွေက အခုက ၅၅၀၀ ၆၅၀၀ ပေးပြီးတော့ ဝယ်စားနေရတယ်။ ဆန်တွေဆိုရင်လည်း ဒီလိုမျိုးပဲလေ။ ပြောလို့လည်းမကောင်းဘူး။ ဘယ်အချိန်မှ ပြီးမှာလဲ မသိဘူး။ စိတ်ညစ်လာပြီ – နွေဦးမေတ္တာအဖွဲ့မှ တာဝန်ရှိသူတစ်ဦး။ မြန်မာပြည်ရဲ့ တောင်ဘက်အစွန်း တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ စစ်ဘေးရှောင်အရေအတွက်ဟာ ၆…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ ဒေသခံနှစ်ဦး ဒဏ်ရာရ

ကျိုက်ထို၊ ဇွန် ၁၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ် ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လလို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ မနေ့ ဇွန် ၁၂ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ ပိန္နဲကုန်းကျေးရွာထဲကို…