ညောင်လေးပင်၊ ဇွန် ၁၁

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာတွေထဲကို စစ်ကောင် စီတပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၆ ရက်အတွင်း အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ် ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၆ ရက်အတွင်း စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် အမှတ် ၂၆၄ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၃၀၇ နဲ့ အမှတ် ၄၀၇ ခြေမြန်တပ်ရင်းတွေကနေ ၁၂၀ မမ လက်နက်ကြီးအပါအဝင် ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ နေ့ရောညပါ ပစ်ခတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။

အဲဒီထဲမှာ ဇွန် ၆ ရက်နေ့က စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုမှာ ထွနီကုန်းကျေးရွာက လူငယ် ၂ ဦး အပါအဝင် အရပ်သား ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဇွန် ၈ ရက်နေ့မှာတော့ ကြိတ်ခါးကုန်းကျေး ရွာက အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

ဇွန် ၉ ရက်နေ့က စစ်ကောင်စီတပ် ခမရ ၃၀၇ ရွှေဝါတပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ နတ်လောင်း ကျေးရွာအုပ်စု သရက်တိုက်ကျေးရွာထဲကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဖွားအို တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း နေအိမ်တွေနဲ့ အရပ်သားပြည်သူပိုင်တဲ့ အဆောက်အဦး တချို့ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အရပ်သားပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတဲ့ စစ် ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိန်းချုပ်နယ်မြေက ပြည်သူလူထု ၇ သိန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိ ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.