ဖာပွန်၊ ဇွန် ၈

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖာပွန်ဒေသခံ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အဓိ ကလိုအပ်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်အပြင်းအထန် လုပ်ဆောင်နေတဲ့အတွက်ကြောင့် ဖာပွန်မြို့နဲ့ မြို့အနီးနားဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူ ၁၆၀၀ ကျော်တို့ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖာပွန်ခရိုင်မှာ အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံးဒဏ်ရာရခဲ့ရပြီး နေအိမ်အဆောက်အဦးအများအပြားလည်း ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

လက်ရှိကာလမှာ ဖာပွန်မြို့အနီးမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ် ဗျူဟာတပ်ရင်းစခန်းတွေကို KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့တို့က ဆက်လက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကလည်း လေကြောင်းပစ်ကူနဲ့ အပြင်းအထန်လာရောက် ပစ်ခတ်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲဆက် လက်ပြင်းထန်နေဆဲပဲလို့ သိရပါတယ်။

စစ်ရေးဆက်လက်ပြင်းထန်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ ဖာပွန်ဒေသခံ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိအချိန်အထိ နေရပ်ကိုမပြန်နိုင်သေးဘဲ ဆက်လက်တိမ်းရှောင်နေထိုင်ရဆဲဖြစ်ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အဓိကလိုအပ်နေတာပါ။

ဖာပွန်တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံစစ်ဘေးရှောင် ပြည်သူတွေအတွက် လို အပ်နေတဲ့ စားနပ်ရိက္ခာ၊ အမိုးအကာစတာတွေအတွက် အကူအညီပေးအပ်ထားပြီး ဘေးကင်းလုံ ခြုံမှုရှိစေဖို့အတွက်လည်း တာဝန်ယူကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့ တပ်မဟာ ၅ ရဲ့ အစောပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ ဖာပွန်မြို့အနီးမှာ ကျန်ရှိနေတဲ့ ဗျူဟာစခန်းနဲ့ တပ်ရင်းဌာနချုပ်တို့ မကျရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ အသည်းအသန် ခုခံတိုက်ခိုက်နေသလို KNLA တပ်မဟာ ၅ ရဲ့ ပိတ် ဆို့မှုကြောင့် နယ်စပ်အနီးနားက တပ်စခန်းတွေလည်း စွန့်ခွာရုတ်သိမ်းနေတာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.