June 7, 2024

စစ်အာဏာသိမ်း (၁၂၂၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၄၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၈ AAPP ရဲ့ ဇွန် ၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၂၃) ရက်အတွင်း ပြည်သူ (၅၂၄၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၃၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၅၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မန္တလေးထောင်မှာ အကျဉ်းသားတွေ အစုံလိုက်အပြုံလိုက် ယားနာရောဂါဖြစ်ပွားနေ

မန္တလေး၊ ဇွန် ၈ အကျဉ်းသားတွေအပေါ် ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ မန္တလေးဗဟိုအကျဉ်းထောင်မှာ အကျဉ်းသားတွေ အစုံလိုက်အပြုံလိုက် ယားနာရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMထံကနေ သိရပါတယ်။ မန္တလေးအကျဉ်းထောင်ဟာ အကျဉ်းသား ၃၀၀၀ ဝန်းကျင်ဆန့်တဲ့ ထောင်တစ်ထောင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးမှုကြောင့်…

တန်းပြည့်စစ်မှုထမ်းဖို့နဲ့ အငြိမ်းစားတပ်အရာရှိတွေကို ဆင့်ခေါ်ရတဲ့အထိ စစ်ကောင်စီရုန်းကန်နေရ

နေပြည်တော် ၊ ဇွန် ၈ အာဏာသိမ်းမှုအတွင်း စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီက တိုင်းစစ်ဌာနချုပ် ထက်ဝက်ကျော်က တပ်ဖွဲ့ဝင်တွေအားလုံးကို တန်းပြည့်စစ်မှုထမ်းဖို့နဲ့ အငြိမ်းစာတပ်အရာရှိ တစ်ထောင်ကျော်ကို ဆင့်ခေါ်ရတဲ့အထိ မနိုင်မနင်းရုန်းကန်နေရပါတယ်။ နိုင်ငံတဝန်းရှိ တိုင်းစစ်ဌာနချုပ် ၁၄ ခုထဲက ၈ ခုမှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နယ်ခြားစောင့်တပ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်တပ်ရဲ့အစိတ်အပိုင်းတစ်ခုခုမှာ လိုက် ပါလာကြသူတွေကို တန်းပြည့်စစ်မှုထမ်းနေကြသူတွေအဖြစ်…

ဖာပွန်စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ

ဖာပွန်၊ ဇွန် ၈ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖာပွန်ဒေသခံ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အဓိ ကလိုအပ်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ ကရင်ပြည်နယ် ဖာပွန်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်အပြင်းအထန် လုပ်ဆောင်နေတဲ့အတွက်ကြောင့် ဖာပွန်မြို့နဲ့ မြို့အနီးနားဝန်းကျင်ကျေးရွာတွေက…

မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရသူ ၅ ရက်အတွင်း ၆၀ နီးပါးရှိ

စလင်း ဇွန် ၇ မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ဖမ်းဆီးခံရသူ ငါးရက်အတွင်း ခြောက်ဆယ်နီးပါးရှိနေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စလင်းမြို့နယ်ထဲက စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့က ဒေသခံ ၆၀ နီးပါးဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်သွယ်ပြတ်နေတာလည်း ဖြစ်ပါတယ်။ “လူငယ်တွေ အမျိုးသားရော အမျိုးသမီးရော၊ တစ်ခါဖမ်းရင် အများကြီးပဲ။ ပြန်လွတ်လာတာကနည်းတယ်။ ငါးဆယ် ခြောက်ဆယ်ထက်ပိုများနိုင်တယ်။” လို့ ဒေသခံတစ်ဦးက…

တနင်္သာရီအခြေစိုက် ခမရ ၅၆၁ တပ်က တပ်သားတစ်ဦး အဆုံးစီရင်

တနင်္သာရီ၊ ဇွန် ၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၆၁ တပ်ရင်းက တပ်သားတစ်ဦးဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ ခမရ ၅၆၁ တပ်က တပ်သား စိုင်းကိုဟာ ဇွန် ၇ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ သူကိုယ်သူ သေနတ်နဲ့ပစ်ခတ်ပြီး…

ထိုင်းမှာ ဆေးရုံတက်နေတဲ့ မြန်မာလူနာတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ဘန်ကောက် ဇွန် ၇ ထိုင်းနိုင်ငံ မူအန်းခရိုင်က ပြည်သူ့ဆေးရုံတစ်ခုမှာ ခွဲစိတ်ကုသမှုခံယူဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာလူနာတစ်ဦးဟာ ဇွန် ၇ ရက်နေ့ အစောပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီပစ်ခတ်မှုက ခွန်ကရန်ဆေးရုံရဲ့ အမျိုးသားခွဲစိတ်လူနာအဆောက်အအုံမှာ ဖြစ်ပွားခဲ့တာဖြစ်တဲ့အကြောင်း ခရိုင်ရဲမှူးကြီး ယော့ဆာဝတ် ကရူးဆူးထန်နစ်က ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အကြောင်း ဒေသစံတော်ချိန် မနက် ၁ နာရီလောက်မှာ…

ဗျိုင်းဖြူရွာသားတွေအပေါ် စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု မျက်မြင်သက်သေတွေ ထွက်ဆို

စစ်တွေ၊ ဇွန် ၇ ရခိုင်ပြည်နယ် ဗျိုင်းဖြူရွာကို ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ကောင်စီ တပ်တွေ ဝင်ရောက်စီးနင်းပြီး ရွာသား ၅၀ ကျော်ကို သတ်ပစ်ခဲ့တယ်လို့ ရွာသားတွေနဲ့ လက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။ ရွာသားတွေဟာ နှစ်ရက်ခွဲကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး စစ်သားတွေက ရွာသားတွေရဲ့မျက်လုံးကို အဝတ်နဲ့စည်းထားသလို ထုထောင်းရိုက်နှက်ပြီး အသားအရေတွေ လောင်သွားအောင် ဓာတ်ဆီနဲ့ လောင်းချပြီး မီးရှို့တယ်လို့ မျက်မြင်သက်သေတွေက…

စစ်‌ကောင်စီကျူးလွန်မှုတွေ အရေးယူပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို MNDAA နဲ့ TNLA တောင်းဆို

စစ်တွေ ၊ ဇွန် ၇ စစ်ရာဇဝတ်မှုမျိုးစုံကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထံ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ ဇွန် ၆ ရက်နေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရခိုင်ပြည်ကတပ်ဖွဲ့ဝင်တချို့နဲ့ စစ်သင်တန်းဆင်း…

ဘီးလင်းမှာ ရဲတပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ ဇွန် ၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအနီးမှာ မနေ့ ဇွန် ၆ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ယွန်းဒလင်းကုန်းကျေးရွာဘက်ကနေ တောင်စွန်းရဲစခန်းဆီ ဆိုင်ကယ်နဲ့တစ်ဦးတည်းပြန်လာတဲ့ ရဲတပ်ကြပ်ကြီး တင်လှကို အမည်မသိသေနတ်သမားတွေက ဆိုင်ကယ်နဲ့လိုက်လာပြီး အနီးကပ်ပစ်သတ်သွားခဲ့တာပါ။ “သူ(ရဲတပ်ကြပ်ကြီး)ဆိုင်ကယ်နဲ့လာတာကို အနောက်ကနေလိုက်လာပြီး သေနတ်နဲ့ပစ်တာ။ ၆…