ပထမဆုံး မက္ကဆီကိုအမျိုးသမီး သမ္မတ မစ္စကလောက်ဒီယာ ရှိန်းဘွန်း

မက္ကစီကိုစီးတီး၊ ဇွန် ၃

ရာဇဝတ်မှုထူပြောလှတဲ့ မက္ကစီကိုနိုင်ငံမှာ ရွေးကောက်ပွဲနေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် အမျိုးသမီးအများစု အနိုင်ရဖို့ အားသာနေတဲ့ သမ္မတရွေးကောက်ပွဲကို မက္ကစီကိုနိုင်ငံသားတွေ ဇွန် ၂ ရက်နေ့မှာ မဲပေးခဲ့ကြပါတယ်။

ဒေသဆိုင်ရာ နိုင်ငံရေးသမား နှစ်ဒါဇင်လောက် သတ်ဖြတ်ခံခဲ့ရပြီးနောက် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူတွေကို ကာကွယ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ချထားခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပတဲ့နေ့က မဲစာရွက်တွေကို ခိုးယူရေး မဲရုံတွေကို တိုက်ခိုက်ခဲ့ပြီးနောက် လူနှစ်ဦး သေဆုံးခဲ့ရပါတယ်။

သိပ္ပံပညာရှင်ဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ မက္ကစီကိုစီးတီးမြို့တော်ဝန်ဟောင်း အာဏာရပါတီ ကိုယ်စားလှယ်လောင်း မစ္စကလောက်ဒီယာ ရှိန်းဘွန်းဟာ ရွေးကောက်ပွဲမတိုင်ခင် သဘောထားစစ်တမ်းတွေမှာ သူ့ရဲ့ အဓိကအတိုက်အခံ ပြိုင်ဖက် မစ္စဆိုချစ် ဂေါ်ဗက်ဇ်ကို မဲ ၁၇ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေကြောင်း ဖော်ပြထားပါတယ်။ နောက်ဆုံးရသတင်းတွေမှာတော့ မစ္စကလောက်ဒီယာက မက္ကဆီကိုသမ္မတအဖြစ် ရွေးကောက်ခံလိုက်ရတယ်လို့ သိရပါတယ်။

“ဒါက သမိုင်းဝင်နေ့ပါ။ ကျွန်မ အရမ်းပျော်ရွှင်တယ်လို့ ခံစားရပါတယ်” လို့ အသက် ၆၁ နှစ်အရွယ် မစ္စရှိန်းဘွန်းက သူ့အိမ်က ထွက်လာချိန်မှာ ပြောကြားခဲ့ပါတယ်။

မဲထည့်ပြီးတဲ့နောက်မှာ သူ့ကိုယ်သူ မဲပေးခဲ့တာ မဟုတ်ဘူးလို့ မစ္စ ရှိန်ဘွန်းက ပြောကြားပြီး ဒီမိုကရေစီအဓွန့်ရှည်ပါစေလို့ ဆုတောင်းခဲ့ပါတယ်။

ရှေးဌာနေမျိုးရိုးက ဆင်းသက်လာပြီး အပြောအဆိုပွင့်လင်းတဲ့ လွှတ်တော်အမတ် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် အသက် ၆၁ နှစ်အရွယ် မစ္စ ဂေါ်ဗက်ဇ်က မဲထည့်ပြီးနောက် ရွေးကောက်ပွဲမှာ လူအများအပြား ပါဝင်မဲပေးကြမယ်လို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။

ရွေးကောက်ပွဲမှာပါဝင်တဲ့ တစ်ဦးတည်းသော အမျိုးသားဗဟိုဝါဒီ ဂျော့ချ် အယ်ဘာရက်ဇ် မေနက်ဇ်ဟာ အဲဒီအမျိုးသမီးနှစ်ဦးရဲ့ အနောက်ကနေ ကပ်လိုက်နေပါတယ်။

ဒါကြောင့် နေ့စဉ်ဆိုသလို အမျိုးသမီးတွေနဲ့ မိန်းကလေး ၁၀ ယောက်လောက် သတ်ဖြတ်ခံနေရတဲ့ မက္ကစီကိုနိုင်ငံမှာ ပထမဆုံးအနေနဲ့ အမျိုးသမီးတစ်ယောက် သမ္မတဖြစ်လာဖို့က သေချာသလောက်ရှိနေပါတယ်။

မစ္စ ရှိန်းဘွန်ဟာ သူ့ရဲ့ လူကြိုက်များမှုနဲ့ပတ်သက်လို့ မကြာခင် ရာထူးကနေ ထွက်တော့မယ့် သမ္မတ လိုပက်ဇ် အိုပရာဒါ အပေါ် ကျေးဇူးတွေ ရှိနေပါတယ်။

လက်ရှိသမ္မတ လိုပက်ဇ်ဟာ သူ့ရဲ့ ဆရာဖြစ်ပြီး ထောက်ခံမှု ၆၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပေမယ့် ရာထူးသက်တမ်း တစ်ကြိမ်ပဲ ထမ်းဆောင်ခွင့်ရှိတာကြောင့် ရာထူးကနေ ထွက်ရတော့မှာ ဖြစ်ပါတယ်။

စုစုပေါင်း လူဦးရေ ၁၂၉ သန်းရှိတဲ့ ကမ္ဘာ့ လူနေအထူထပ်ဆုံး စပိန် စကားပြောတဲ့နိုင်ငံမှာ မဲပေးဖို့ မှတ်ပုံတင်ထားသူ သန်း ၁၀၀ ရှိပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.