တနင်္သာရီ၊ ဇွန် ၃

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ ထံက သိရပါတယ်။

ပြီခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က သိန္ဓောကျေးရွာ အခြေ စိုက် စစ်ကောင်စီရဲ့ ခလရ ၁၀၁ ရှေ့တန်းတပ် စခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ ထံမှာ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ MA-1 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၅၆၀ တောင့်၊ ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၂ လုံးနဲ့ အီနာဂါ ၂ လုံး ယူဆောင်လာတာကြောင့် အမျိုးသားညီ ညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆုငွေ ၇၅ သိန်းကျပ် ပေးအပ် ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ် ကြောင်း ၁ မှာ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် မတော်တပ်ရင်း ၂ ရဲ့ တပ်ခွဲ(၁)၊ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်မြို့နယ် ပကဖ နဲ့ ADF ဒရုန်းလက်ရုံးတပ်ဖွဲ့တွေဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၅၇ ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီး စားရေးအဆင့်ရှိတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ခဲ့ပါသေးတယ်။

တနင်္သာရီတိုင်းမှာတော့ အာဏာသိမ်းကာလအတွင်း CDM ပြုလုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ကောင် စီတပ်သား ၂၄၀ ထက်မနည်း ရှိတယ်လို့ တနင်္သာရီတိုင်းပကဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓတ်ပုံ – မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.