ရန်ကုန်၊ ဇွန် ၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကကြီး သူရဦးတင်ဦးဟာ ဒီနေ့ ဇွန် ၁ ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုအသိုင်းအဝိုင်းထံကနေ သိရပါတယ်။

သူရဦးတင်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ကျန်းမာရေးဆိုးဝါးလာတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ် ရှိပြီဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ သူရဦးတင်ဦးဟာ ၂၀၁၇ ခုနှစ်က နေအိမ် ရေချိုးခန်းမှာ ချော်လဲပြီးနောက် လေဖြတ်ဝေဒနာခံစားခဲ့ရတာပါ။

သူရဦးတင်ဦးရဲ့ နာရေးကိုတော့ လာမယ့် ဇွန် ၅ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ မြန်မာ့ဓလေ့ထုံးစံအတိုင်း ဈာပနပြုလုပ်သွားမယ်လို့ မိသားစုထံကနေ သိရပါတယ်။

သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်ဖြူကျူးကျော်စစ်မှာ တပ်မှူးအဖြစ် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။

သူရဦးတင်ဦးဟာ ၁၉၈၈ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တည်ထောင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထိပ်ပိုင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ နာယကကြီးအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.