နမ့်ခမ်း၊ ဇွန် ၁

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းပြည်နယ်အတွင်းရှိ သတ္တုလုပ်ငန်း အပါအဝင် အခြားပုဂ္ဂလိက လုပ်ငန်းတွေရဲ့ ခွင့်ပြုမိန့်နဲ့လိုင်စင်တွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ TNLA က မေ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါ တယ်။

အရင်အစိုးရ အဆက်ဆက် လက်ထက်က သက်ဆိုင်ရာ ဌာနအသီးသီးမှ ခွင့်ပြုခဲ့တဲ့ ခွင့်ပြုမိန့်၊ လိုင် စင်နဲ့ အမိန့်စာတွေယူပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းကြောင်းနဲ့ ဆက်လက်လုပ် ကိုင်လိုပါက ခွင့်ပြုချက်ယူရမယ်လို့ ဆိုပါတယ်။

သတ်မှတ်ထားတဲ့ ခွင့်ပြုချက်တွေကို လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့ မတိုင်မီ နောက်ဆုံးထားပြီး ရယူရမှာဖြစ်ပြီး သတ်မှတ်ကျော်လွန်သွားပါက အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့အဆောက်အအုံ၊ ပစ္စည်းစတာတွေကို တအာင်းပြည်သူပိုင်အဖြစ် သိမ်းယူသွားမယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် ညွှန်းကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ငန်းဆက်လက် လည်ပတ်နေမယ်ဆိုရင် PSLF/TNLA ရဲ့ တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်မှူးချုပ်တားဂူးဂျာက လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း တအာင်းပြည်နယ်အတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအ တွက် စီမံချက်လုပ်ငန်းတွေ ပြင်ဆင်ဆောက်ရွက်တာ ဖြစ်တာကြောင့် မြေရှားသတ္တုလုပ်ငန်း စမ်း သပ်ရှာဖွေတာ၊ တူးဖော်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်မပြုတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းတပ်မတော် TNLA က နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ နမ့်ခမ်းနဲ့ မိုင်းလုံ စတဲ့ မြို့ ၇ မြို့ကို သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.