May 2024

PDF လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု အမှုဖွင့်နိုင်ရေး ကုလ ပြင်ဆင်

နယူးယောက်၊ မေ ၂၉ မကွေးတိုင်းမှာ PDF လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ရာဇဝတ်မှုဆိုင်ရာ အမှုဖွင့်နိုင်ရေး အချက်အလက်တွေပေးအပ်ဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ကောင်စီထံ တောင်းဆိုလိုက်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ်နှစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဖိုးတေနဲ့ အသက် ၂၂ နှစ်အရွယ် သားထောင်တို့ မီးရှို့သတ်ဖြတ်ခံရမှု ဗီဒီယို ဖိုင်တစ်ခုဟာ…

စစ်အာဏာသိမ်း (၁၂၁၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၅၈) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၉ AAPP ရဲ့ မေ ၂၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၁၃) ရက်အတွင်း ပြည်သူ (၅၁၅၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၇၆၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၄၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ဘီးလင်းတံတားနှစ်စင်း အချိန်မီမတည်ဆောက်နိုင်ပါက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နိုင်

ဘီးလင်း ၊ မေ ၂၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မိုင်းခွဲခံရပြီးနောက် ပြိုကျပျက်စီးသွားတဲ့ တံတားနှစ်စင်းဖြစ်တဲ့ ကျုံအိတ်တံတားနဲ့ မစောတံတားကို အချိန်မီပြန်လည်မတည်ဆောက်နိုင်ပါက လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်နိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျုံအိတ်တံတားနဲ့ မစောတံတားဟာ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမပေါ်မှာ တည်ရှိပြီး မြန်မာပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွက် ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။…

စီးပွားရေးနဲ့ဘဏ္ဍာရေးက ဝါရင့်ဝန်ကြီးနှစ်ဦးကို စစ်ကောင်စီ ဘာကြောင့်အနား‌ပေးတာလဲ

နေပြည်တော် ၊ မေ ၂၉ ဒီမိုကရေစီအစိုးရလက်ထက်နဲ့ အာဏာသိမ်းကာလအတွင်း မြန်မာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးကဏ္ဍတွေမှာ ဆယ်စုနှစ်ချီ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဦးအောင်နိုင်ဦးနဲ့ ဦးမောင်မောင်ဝင်းတို့ကို လက်ရှိတာဝန်ကနေ အနားပေးလိုက်တယ်လို့ စစ်ကောင်စီက မေ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရ စစ်ကောင်စီရုံးဝန်ကြီးဌနာ (၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉…

ဘုရားသုံးဆူမှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအများအပြား ရောက်ရှိလာတယ်လို့ ဒေသခံတွေပြော

ဘုရားသုံးဆူ၊ မေ ၂၉ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံ သားအများအပြား ပြောင်းရွှေ့နေထိုင်လာပြီးနောက် တရားမဝင်လောင်းကစားလုပ်ငန်းတွေ ပေါ များလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကစပြီး မြဝတီဘက်မှာရှိတဲ့ ကျားဖြန့်လို့ခေါ်တဲ့ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ငါးလအတွင်း ထွက်ခွာကြဖို့ BGF လည်းဖြစ်တဲ့ ကရင်အမျိုးသားတပ်မတော်…

ရန်ကုန်-မော်လမြိုင် ရထားလက်မှတ် မှောင်ခိုဈေးကွက်မှာ ဈေးနှုန်းနှစ်ဆကျော် ပေးဝယ်နေရ

မော်လမြိုင်၊ မေ ၂၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ကားလမ်းတံတားတွေ မိုင်းခွဲခံရပြီးနောက် ရန်ကုန်-မော်လမြိုင် ရ ထားလက်မှတ်တွေကို မှောင်ခိုဈေးကွက်မှာ ဈေးနှုန်းနှစ်ဆကျော် ပေးဝယ်နေရတယ်လို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မေလဒုတိယအပတ်အတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားနဲ့မစောတံတား မိုင်းခွဲခံရပြီးနောက် ရထားစီးနင်းမှု များပြားလာမှုအပေါ် အခွင့်အကောင်းယူပြီး ရထားလက်မှတ်တွေကို မှောင်ခိုရောင်းချတာတွေ ရှိလာခဲ့တာပါ။ မှောင်ခိုဈေးကွက်မှာ ရန်ကုန်-မော်လမြိုင်ခရီးစဉ်အတွက် အထက်တန်းတစ်စောင်ကို…

မြောက်ကိုရီးယားရဲ့ ဒုတိယအကြိမ် ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှု မအောင်မမြင်ဖြစ်

ဆိုးလ်၊ မေ ၂၈ စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုအသစ်တစ်လုံး လွှတ်တင်ဖို့ ကြိုးပမ်းမှုမှာ အသစ်တီထွင်ထားတဲ့ ဒုံးပျံအင်ဂျင် လေထဲမှာ ပေါက်ကွဲသွားတာကြောင့် မအောင်မြင်ဖြစ်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားက အရင်ကထောက်လှမ်းဂြိုဟ်တုတစ်လုံးကို နိုဝင်ဘာလက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် ဒုတိယအကြိမ် လွှတ်တင်ဖို့ ကြိုးပမ်းရာမှာ မေ ၂၇ ရက်နေ့က မအောင်မြင် ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်ကလည်း…

၂ နှစ်အတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကြောင့် အရပ်သားပြည်သူ ၁၄၀၀ ကျော် သေဆုံးခဲ့

မော်လမြိုင်၊ မေ ၂၈ ပြီးခဲ့တဲ့နှစ်နှစ်ကျော်ကာလအတွင်းလူ ၅ ဦးနဲ့အထက် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေ အပါအဝင် ပဋိပက္ခတိုက်ပွဲဖြစ်စဉ်တွေကြောင့် အရပ်သားပြည်သူ ၄၀၄၂ ဦးအထိ သေဆုံးခဲ့ရတယ်လို့ BNI – Myanmar Peace Monitor အဖွဲ့ရဲ့ မေ ၂၇ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ် မေ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေ…

ညောင်လေးပင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

မုန်း၊ မေ ၂၈ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၄ လုံးနဲ့ အဆောက်အဦ ၁ လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက မေ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၃…

ကျိုက်မရောမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ နေအိမ်ပျက်စီးမှုတွေရှိ

ကျိုက်မရော၊ မေ ၂၈ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းမှာ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ရှောင် တခင်စစ်ဆေးမှု ပြုလုပ်ရာနေရာတွေကို စစ်ကောင်စီလက်အောက်ခံ ခမရ(၂၀၈)က ပစ်ခတ်တိုက် ခိုက်မှုတွေပြုလုပ်ခဲ့လို့ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ (၃) ဂဠုန်စစ် ကြောင်းနဲ့ မွန်ပြည်နယ်လွတ်မြောက်ရေးတပ်တော် (MLA) တို့ရဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေ ရှောင်တခင်စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့…