ပြည်တွင်းရွှေဈေး ၅၉ သိန်းနီးပါးအထိ စံချိန်တင်ထိုးတက်လာ
မော်လမြိုင်၊ မေ ၃၀ ဒေါ်လာဈေးနှုန်း ဆက်တိုက်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၅၉ သိန်းနီးပါးအထိ ဈေးနှုန်းစံချိန်တင်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။ မေလအစက တစ်ကျပ်သားလျှင် ကျပ် ၄၇ သိန်းဝန်းကျင်သာ ရှိခဲ့တဲ့ ပြည်တွင်းမီးလင်းအခေါက်ရွှေဈေးဟာ မေ ၃၀ ရက်နေ့မှာတော့ ကျပ် ၅၈သိန်း ၈သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လာတာပါ။ ဒါ့အပြင် တစ်ဒေါ်လာလျှင် ကျပ်…